close

စစ်မှုထမ်း

close

April 19, 2023

ထိုင်းတပ်မတော်တွင် စစ်မှုထမ်းလိုသူပေါင်း ၂၀,၀၀၀ ကျော် လျှောက်ထား

ထိုင်းနိုင်ငံမှာ စစ်မှုထမ်းလျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ စတင်ခေါ်ယူခဲ့ရာမှာ ၁၁ ရက်အထိ ပါရဂူဘွဲ့ရ ပညာတတ်လူငယ်တွေအပါအဝင် အသက် ၂၉ နှစ်အောက် အမျိုးသားစုစုပေါင်း ၂ဝ,ဝဝဝ ကျော်အထိ စစ်မှုထမ်းဖို့ မိမိဆန္ဒအလျောက် လာရောက်လျှောက်ထားခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်ချုပ်ကြီး ဆာရိချန်ငါန်တောင်က ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။

အခုခေါ်ယူခဲ့တဲ့ စစ်သည်တွေက ထိုင်းတော်ဝင်စစ်ဒေသ အမှတ် ၁၊ ၂ နဲ့ ၄ မှာ စေတနာ့ဝန်ထမ်း စစ်သည်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး လက်ရှိအချိန်အထိ ဆန္ဒအလျောက် လာရောက်ထားသူတွေအထဲမှာ ပါရဂူဘွဲ့ရ လူငယ်တွေ၊ သာမန် ဘွဲ့ရပညာတတ်တွေအပြင် ဘုန်းကြီးတွေပါ လာရောက် လျှောက်ထားခဲ့ကြတာပါ။

ထိုင်းတော်ဝင်တပ်မတော်တွင်း အမှုထမ်းဆောင်ရာမှာ ပညာအရည်အချင်းအလိုက် လုပ်အားပေးနှစ်လျှော့ပေါ့ခွင့်ရှိပြီး အခုတခေါက်မှာတော့ ပါရဂူဘွဲ့ရတွေနဲ့အတူ ဘွဲ့ရသမားတွေကပါ ၂ နှစ်တာဝန်ထမ်းဆောင်ဖို့ကို စာရင်းသွင်းလျှောက်ထားခဲ့တဲ့အတွက် ဂုဏ်ယူကြောင်းလည်း ဧပြီ ၁၆ ရက်မှာ ထိုင်းတော်ဝင်တပ်မတော် ဒုဗိုလ်ချုပ်ကြီးဆာရိချန်က ပြောကြားခဲ့ပါတယ်။

ထိုင်းတော်ဝင်တပ်မတော်ရဲ့ ညှာတာထောက်ထားမှုအရ တက္ကသိုလ်တခုခုမှ ဘွဲ့ရတဦးအနေနဲ့ ၂ နှစ် စစ်မှုထမ်းတာဝန်ကနေ ၆ လအထိသာ စစ်မှုထမ်းသက်လျှော့ပေါ့ခွင့် ပေးခဲ့ပေမဲ့ ပါဝင်လျှောက် ထားသူတွေထဲက ဘွဲ့ရရှိပြီးသူ ၂၂ ယောက်က ၂ နှစ်အထိ တာဝန်ထမ်းဆောင်လိုကြောင်း ဆန္ဒပြုထားပါတယ်။

တက္ကသိုလ်ဘွဲ့ရ ၁၉ ယောက်ကလည်း စစ်မှုထမ်း ၁ နှစ်အထိ လျော့ပေါ့ခွင့်ကို မရယူဘဲ ၂ နှစ်ပြည့်တဲ့အထိ စစ်မှုထမ်းလုပ်အားပေးမယ်လို့ ဖြည့်သွင်းထားပြီး သာသနာ့ဘောင်အတွင်းက ဘုန်းကြီး ၂၇ ပါးကလည်း ၂ နှစ်အပြည့် စစ်မှုထမ်း တာဝန်ထမ်းဆောင်မှာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

1 hour Ago

တောင်ကိုရီးယား ကေပေါ့ပ် BTS အဖွဲ့ဝင် ဂျေဟုပ် စစ်မှုထမ်းဆောင်

တောင်ကိုရီးယားနိုင်ငံက ဂရမ်မီဆုဆန်ကာတင်စာရင်းဝင် ကေပေါ့ပ်ဂီတအဖွဲ့တခုဖြစ်တဲ့ BTS အဖွဲ့ဝင်ဖြစ်သူ ဂျေဟုပ်ဟာ ဧပြီ ၁၈ ရက်မှာ စစ်မှုထမ်းဆောင်သွားပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ နောက်ထပ် BTS အဖွဲ့ဝင်ဖြစ်သူ ဂျင် ပြီးနောက် ဂျေဟုပ်က ဒုတိယမြောက် ဖြစ်လာခဲ့တာပါ။

ဆိုးလ်မြို့ကနေ ၅၄ မိုင်အကွာမှာရှိတဲ့ ဝန်ဂျူမြို့က စစ်မှုထမ်းအခမ်းအနား ကျင်းပရာနေရာကို ဂျေဟုပ်က ဗင်ကားတစီးနဲ့ တိတ်တဆိတ်သွားရောက်ခဲ့တယ်ဆိုပြီး ယွန်ဟပ် သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

ဂျေဟုပ်ရဲ့ အမည်ရင်းဖြစ်တဲ့ ဂျွန်ဟိုဆော့က “ကျနော် ပြန်လာမှာပါ” ဆိုပြီး ခေါင်းတုံးဆံပင်ပေါက် ဓာတ်ပုံတပုံနဲ့အတူ ဧပြီ ၁၇ ရက်က ပရိသတ်တွေရှိရာ Weverse ဆက်သွယ်ရေးပလက်ဖောင်းမှာ ပို့စ်တင်ခဲ့ပါတယ်။

ဂျေဟုပ်ရဲ့ စစ်မှုထမ်းတာဝန်တွေ ပြီးဆုံးသွားတဲ့အခါ ကောင်းမွန်စွာ ပြန်လာခဲ့ပါဆိုပြီး ပရိသတ်တွေက မှတ်ချက်ပေါင်း ၁၀,၀၀၀ ကျော်နဲ့အတူ ဆုတောင်းပေးခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအားလုံးဟာ ၁၈ လကနေ ၂၁ လအထိ စစ်မှုထမ်းဆောင်ရပါတယ်။

ကျန်ရှိခဲ့တဲ့ BTS အဖွဲ့ဝင် ဂျီမင်၊ ဗီနဲ့ ဂျောင်ကွတ်ခ် တို့ဟာလည်း လာမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ စစ်မှုထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။

8 hours Ago

March 21, 2023

အမေရိကန်ကိုတိုက်ရန် မြောက်ကိုရီးယားနိုင်ငံသား တသန်းခွဲခန့် စစ်မှုထမ်းရန် ဆန္ဒရှိ

အမေရိကန်ပြည်ထောင်စုကို တိုက်ထုတ်ဖို့နိုင်ငံသား ၁ ဒသမ ၄ သန်းလောက်ဟာ နိုင်ငံရဲ့စစ်တပ်မှာ စေတနာအလျောက် ပါဝင်ဖို့ ဒါမှမဟုတ် စာရင်းသွင်းဖို့ ဆန္ဒရှိနေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

နယ်ချဲ့အမေရိကန်တွေကို တန်ပြန်ဖို့ နိုင်ငံတဝန်း စစ်မှုထမ်းဖို့၊ စာရင်းသွင်းဖို့ မြောက်ကိုရီးယားလူငယ်တွေ လက်မှတ်ထိုးနေတဲ့ ဗီဒီယိုကို မြောက်ကိုရီးယားရဲ့ အစိုးရပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပါတယ်။

လူပေါင်း ၁ ဒသမ ၄ သန်းလောက်ဟာ စစ်တပ်ထဲမှာ ပါချင်တယ်လို့ မတ်လ ၁၉ ရက်နေ့အထိ ထုတ်ဖော် လက်မှတ်ထိုးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်လုပ်ဆောင်နေတဲ့ မဟာမိတ်တွေကို သတိပေးတဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် နျူးကလီးယားနဲ့ တန်ပြန်တိုက်ခိုက်တဲ့ ပုံစံတူ စစ်ရေးလေ့ကျင့်မှုကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြီးကြပ်ခဲ့ပုံကို မြောက်ကိုရီးယား မီဒီယာတွေက မတ် ၂၀ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပေါင်းစပ်စစ်ရေးလေ့ကျင့်မှုကို ကျူးကျော်တိုက်ခိုက်ဖို့ အစမ်းလေ့ကျင့်မှုလို့ ခေါ်ရင်း ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုမှာ တာတိုပစ်ဒုံးကျည်ပစ်လွှတ်မှု ပါပေမဲ့ ပုံမှန်မဟုတ်တာက ဒုံးကျည်ဟာ မြေအောက်သိုလှောင်ခန်း တခုကနေ ပျံတက်သွားခဲ့တာပါ။

ဒါဟာ အနာဂတ်မှာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) စမ်းသပ်ရာမှာ အရှိန်နဲ့ တည်ငြိမ်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

4 weeks Ago
Up