close

စစ်အခြေစိုက်စခန်း

close

February 2, 2023

ဖိလစ်ပိုင်က အမေရိကန်ကို စစ်အခြေစိုက်စခန်းများ တိုးချဲ့ခွင့်ပြု

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင် မနီလာကို လာရောက်ဆွေးနွေးခဲ့ပြီး နောက်မှာ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကို သူ့ရဲ့စစ်အခြေစိုက်စခန်းတွေဆီ တိုးချဲ့ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြောပါတယ်။

အငြင်းပွားတောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ အခိုင်အမာ နေရာယူလာမှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်အပေါ် တင်းမာမှုတွေကြောင့် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ ၂၀၁၄ ခုနှစ်က တိုးမြှင့်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် (EDCA) အောက်မှာ ဝါရှင်တန်ကို နောက်ထပ်နေရာ ၄ ခုကို ဝင်ရောက်ခွင့်ပေးမှာဖြစ်ကြောင်း နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

EDCA သဘောတူညီချက်ဟာ ပူးတွဲလေ့ကျင့်ရေး၊ ပစ္စည်းကိရိယာတွေကို ကြိုတင်နေရာချထားခြင်းနဲ့ ပြေးလမ်းတွေ၊ လောင်စာဆီသိုလှောင်မှုနဲ့ စစ်ဘက်အိမ်ရာတွေလို အဆောက်အဦတွေ တည်ဆောက်ခြင်းတို့အတွက် ဖိလစ်ပိုင် စစ်အခြေစိုက်စခန်းတွေဆီ အမေရိကန် ဝင်ရောက်ခွင့်ကို ခွင့်ပြုထားပေမဲ့ အမြဲတမ်း တည်ရှိနေဖို့တော့ မဟုတ်ပါဘူး။

အော်စတင်နဲ့တွေ့ဆုံတဲ့ မနီလာရှိ စစ်စခန်းအပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့ ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူတွေဟာ အမေရိကန်အလံကို မီးရှို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

သူတို့တွေဟာ ကာကွယ်ရေးသဘောတူညီချက်တွေကို ရှုတ်ချပြီး ဒီလိုလုပ်ရပ်တွေဟာ ဒေသတွင်း တင်းမာမှုတွေကိုသာ တိုးမြင့်လာစေတယ်လို့ ဆိုပါတယ်။

6 mins Ago

February 4, 2022

ပါကစ္စတန်အနောက်တောင်ပိုင်းရှိ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရ

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းက စစ်တပ်အခြေစိုက်စခန်း ၂ ခု ညဘက်မှာ တိုက်ခိုက်ခံရပေမယ့် ပါကစ္စတန်စစ်တပ်က အောင်အောင်မြင်မြင် တွန်းလှန်နိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး ရှိတ်ခ် ရာရှိဒ် အာမဒ်က ဖေဖော်ဝါရီ ၃ ရက်မှာ ပြောပါတယ်။

ပြည်နယ်အတွင်း ရှင်းလင်းနေပြီလို့လည်း ဝန်ကြီးက ကြိုတင်ရိုက်ကူးထားတဲ့ ရုပ်သံ ကြေညာချက်ထဲမှာ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်သည် လေးယောက် ကျဆုံးပြီး တိုင်းရင်းသားတပ်သား ၁၅ ယောက် ကျဆုံးတယ်လို့ ဆိုပါတယ်။

ဘာလိုချီစတန်ပြည်နယ်မှာ တိုင်းရင်းသား ခွဲထွက်ရေးအုပ်စုဖြစ်တဲ့ ဘာလို့ချ် လွတ်မြောက်ရေးတပ် ရှိပြီး သူတို့ တိုက်ခိုက်တာလို့ အခိုင်အမာ ပြောပါတယ်။

ဘာလို့ချ်တိုင်းရင်းသား ပြောက်ကျားတပ်တွေဟာ ပြည်နယ်ခွဲထွက်ဖို့ အစိုးရတပ်တွေကို တိုက်နေတာ ဆယ်စုနှစ်ချီ ကြာနေပါပြီ။

ဗဟိုအစိုးရဟာ တိုင်းရင်းသား ဘာလိုချီစတန် ပြည်နယ်က ကြွယ်ဝတဲ့ ဓာတ်ငွေ့နဲ့ သတ္ထု ရင်းမြစ်တွေကို မမျှမတ လှိုက်စားနေတယ်လို့ ပြောဆိုနေကြပါတယ်။

ဝန်ကြီးချုပ် အမ်ရမ်ခန်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲဖွင့်ပွဲတက်ဖို့ တရုတ်မြို့တော် ပေကျင်းကို မသွားခင် နာရီပိုင်းအတွင်း ညလုံးပေါက် စတင်တိုက်ခိုက်ခဲ့တာလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

12 months Ago
Up