ဘရိုက်တန်အသင်းဟာ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို သက်တမ်းတိုးဖို့ စီစဉ် နေပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိုင်ယာလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ဘရိုက်တန် အတွက် ၇ ဂိုးသွင်းယူပေးထားပြီး အလားအလာရှိတဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူပါ။
စပါးအသင်းက ဟယ်ရီကိန်းနေရာမှာ အစားထိုးအသုံးပြုနိုင်ဖို့အတွက် ဖာဂူဆန်ကို ခေါ်ယူလိုနေသ လို မန်ယူအသင်းကလည်း ခြေစွမ်းခြေစရှိတဲ့ သူ့ကို အရောင်တင်ပေးဖို့ ပြင်ဆင်လာခဲ့တာပါ။
ဖာဂူဆန်ဟာ မန်ယူအသင်းပရိသတ်ဖြစ်ပြီး ဝိန်းရွန်းနီကိုလည်း စံပြကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေမှာဖော်ပြကြပါတယ်။
ဘောလုံးကျွမ်းကျင်သူတွေကတော့ အသက် ၁၈ နှစ်ရှိ အိုင်ယာလန် တိုက်စစ်မှူးဟာ အနာဂတ်မှာ ဥရောပရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ထင်ကြေး ပေးထားကြပါတယ်။
တိုက်စစ်မှူးဟယ်ရီကိန်းရဲ့အနာဂတ်ကို မိခင်ကလပ် စပါးနဲ့ ကာယကံရှင်ကစားသမားဖြစ်သူတို့က သာ ဆုံးဖြတ်နိုင်ကြောင်း နည်းပြကွန်တေက ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ကစာသမားဘဝ တလျှောက်မှာ ဆုဖလားတွေနဲ့ ဝေးကွာနေတာကြောင့် အခုနှစ်ရာသီအကုန်မှာ အသင်းသစ်ရှာဖွေဖို့ရှိနေတာပါ။
ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး နည်းပြကွန်တေကို မေးမြန်းရာမှာတော့ ကလပ်အသင်းနဲ့ ကာယကံရှင်တို့ကသာ အဆုံးအဖြတ်ပေးနိုင်ကြောင်းပြန်လည် ဖြေကြားခဲ့တာပါ။
ဟယ်ရီကိန်းလို ကမ္ဘာ့အဆင့်တိုက်စစ်မှူးကို စပါးအသင်းဘက်က ကစားသမားဘဝကုန် ဆုံးတဲ့အချိန်အထိ ဆက်ရှိစေချင်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဘောလုံးမှာ မထင်မှတ် တာတွေလည်း ဖြစ်တက်တာကြောင့်ကလပ်အသင်းနဲ့ ကာယကံရှင်ကစားသမားတို့ကသာ ဆုံးဖြတ်ပေးနိုင်ကြောင်း နည်းပြကွန်တေက ပြောသွားပါတယ်။