close

မန်ယူနှင့် စပါးပစ်မှတ် တိုက်စစ်မှူးဖာဂူဆန်ကို သက်တမ်းတိုးရန် ဘရိုက်တန်အသင်း စီစဉ်

ဘရိုက်တန်အသင်းဟာ လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အီဗန်ဖာဂူဆန်ကို သက်တမ်းတိုးဖို့ စီစဉ် နေပါတယ်။ 

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိုင်ယာလန်တိုက်စစ်မှူးဟာ  အခုနှစ်ရာသီမှာ ဘရိုက်တန် အတွက် ၇ ဂိုးသွင်းယူပေးထားပြီး အလားအလာရှိတဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရသူပါ။

စပါးအသင်းက ဟယ်ရီကိန်းနေရာမှာ အစားထိုးအသုံးပြုနိုင်ဖို့အတွက် ဖာဂူဆန်ကို ခေါ်ယူလိုနေသ လို မန်ယူအသင်းကလည်း ခြေစွမ်းခြေစရှိတဲ့ သူ့ကို အရောင်တင်ပေးဖို့ ပြင်ဆင်လာခဲ့တာပါ။

ဖာဂူဆန်ဟာ မန်ယူအသင်းပရိသတ်ဖြစ်ပြီး ဝိန်းရွန်းနီကိုလည်း စံပြကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေမှာဖော်ပြကြပါတယ်။

ဘောလုံးကျွမ်းကျင်သူတွေကတော့ အသက် ၁၈ နှစ်ရှိ အိုင်ယာလန် တိုက်စစ်မှူးဟာ အနာဂတ်မှာ ဥရောပရဲ့ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာလိမ့်မယ်လို့ ထင်ကြေး ပေးထားကြပါတယ်။

Up