close

စီးရီးအေ

close

April 17, 2023

နာပိုလီဟာလည်း အသင်းကြီးတစ်သင်းဖြစ်ကြောင်း တိုက်စစ်မှူး အိုဆင်ဟမ်ပြော

နာပိုလီအသင်းဟာ ထိပ်တန်း အသင်းကြီးတစ်သင်းဖြစ်လို့ တခြားအသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့ မစဉ်းစားကြောင်း တိုက်စစ်မှူး အိုဆင်ဟမ်က  ပြောပါတယ်။ 

နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ စီးရီးအေ ၂၄ ပွဲမှာ ၂၁ ဂိုးသွင်းပြီး ခြေစွမ်းပြနေလို့ ထိပ်တန်းအသင်း ကြီးတွေကခေါ်ယူဖို့ ဆန္ဒရှိနေကြတာပါ။

ကြီးကျယ်ခမ်းနားတဲ့အသင်းကြီးတစ်သင်းမှာ သူ့ရဲ့ ကစားသမားဘဝဟာလည်း တိုး တက်လာနေပြီး အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဆုဖလားနဲ့အတူ အောင်ပွဲခံဖို့ မစောင့်နိုင်တော့ ကြောင်း အိုဆင်ဟမ်ကပြောပါတယ်။ 

နာပိုလီအသင်းဟာ စီးရီးအေမှာ ဒုတိယနေရာက လာဇီယိုကို ၁၄ မှတ်ဖြတ်ထားလို့ ချန်ပီယံဖြစ်ဖို့ သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

12 mins Ago

January 19, 2023

အီတလီကလပ် ဆာလာနီတာနာအသင်းက နည်းပြချုပ်ကို ထုတ်ပယ်ပြီးမှ ပြန်လည်ခန့်အပ်

အီတလီကလပ် ဆာလာနီတာနာအသင်းဟာ နည်းပြချုပ် ဒေးဗစ်နီကိုလာကို ထုတ်ပယ်လိုက်ပေမဲ့ နှစ်ရက်အကြာမှာ ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က အတ္တလန္တာအသင်းနဲ့ စီးရီးအေပွဲစဉ်မှာ ၈ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ နီကိုလာကို ဆာလာနီတာနာအသင်းဥက္ကဋ္ဌက ထုတ်ပယ်ခဲ့တာပါ။

ဒါပေမဲ့ နည်းပြဖြစ်သူ ထွက်ခွာသွားချိန်မှာ သူ့အပေါ် ဘယ်လောက်သဘောကျသလဲ ဆိုတာကို သိရှိလာရတာကြောင့် အသင်း၊ ကစားသမားတွေနဲ့ အရာအားလုံးအတွက် ပြန်လည်ခေါ်ယူ ခန့်အပ်ခဲ့တာဖြစ်တယ်လို့ အသင်းဥက္ကဋ္ဌ ဒယ်နီလိုလာဗိုလီနိုက ပြောပါတယ်။

နည်းပြ နီကိုလာဘက်ကလည်း အရှက်ရစရာ ရှုံးပွဲတပွဲ ထပ်မကြုံစေရဘူးဆိုတဲ့ ကတိပေးမှုနဲ့အတူ နောက်တကြိမ် ထပ်ပြီး အခွင့်အရေးပေးခဲ့တာဖြစ်ကြောင်း အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆာလာနီတာနာအသင်းဟာ အီတလီစီးရီးအေ ၁၈ ပွဲကစားအပြီး အဆင့် ၁၆ နေရာမှာ ရပ်တည်နေကာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေပါတယ်။

3 months Ago
Up