ဆားဘီးယားနိုင်ငံမှာ ဒုတိယမြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ သံသယရှိသူ သေနတ်သမားကို ဆားဘီးယားရဲတပ်ဖွဲ့က မေ ၅ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေ က ကြေညာခဲ့ပါတယ်။
ဘဲဂရိတ်ဒ် အနီးရှိ ရွာတရွာမှာ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာကိုလည်း လုံခြုံရေး ယူထားပါတယ်။
“သံသယရှိသူဟာ ၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ယူဘီဆိုသူဖြစ်ပြီး ကရာဗူရှဗက်မြို့အနီးမှာ ဖမ်းဆီးရမိခဲ့ပြီးတော့ သူဟာ လူ ၈ ဦး သေဆုံးမှုနဲ့ လူ ၁၄ ဦး ဒဏ်ရာရရှိမှုတို့အတွက် သံသယရှိထားပါတယ်”လို့ ဆားဘီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
ဒေသမီဒီယာတွေရဲ့ အဆိုအရ အဲဒီသံသယရှိသူဟာ မေလ ၄ ရက်နေ့နှောင်းပိုင်းက ကျောင်းဝင်းအတွင်း ရန်ဖြစ်မှုမှာ ပါဝင်ပတ်သက်ခဲ့ပြီး အဲဒီကနေ ထွက်ခွာသွားပြီးနောက်မှာ ချေမှုန်းရေး ရိုင်ဖယ်သေနတ်တလက်နဲ့ သေနတ်တိုတလက် တို့ကို ယူဆောင်ပြီး ပြန်လာခဲ့ကြောင်း သိရပါတယ်။
နောက်တော့ သူဟာ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ပြီး ကြုံရာလူတွေကို ရွေ့လျားနေတဲ့ ကားပေါ်ကနေ ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။
ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူစစ်ခ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ နိုင်ငံကို မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရပါတယ်။
ဘော်လ်ကန်နိုင်ငံမှာ မေ ၃ ရက်က အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးက ဘဲလ်ဂရိတ်ဒ်ရှိ ကျောင်းတစ်ကျောင်းမှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
၂ ရက်အကြာမှာပဲ ဘဲလ်ဂရိတ်ဒ်ရဲ့ တောင်ဘက် ၂၆ မိုင် အကွာရှိ မလာဒီနိုဗက်စ် မြို့အနီးရှိ ဒူဘိုးနား ကျေးရွာမှာ ဒုတိယမြောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ဆာဘီးယားနိုင်ငံမှာ ရာနဲ့ချီတဲ့ သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူတွေက အဓိက အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး သတ္တုတူးဖော်ရေးကုမ္ပဏီ Rio Tinto ရဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ တန်ဖိုးရှိ လီသီယံသတ္တု တူးဖော်မယ့်စီမံကိန်းကို ဇန်နဝါရီ ၁၅ ရက်က ဆန့်ကျင်ဆန္ဒပြကြပါတယ်။
ဆန္ဒပြသူတွေက ဘောစနီးယားနယ်စပ်ကိုဖြတ်တဲ့ အဝေးပြေးလမ်းအပါအဝင် ဘဲလ်ဂရိတ်မြို့ လမ်းတွေကို နာရီအတော်ကြာအောင် ပိတ်ဆို့ပြီး အစိုးရဆန့်ကျင်ရေး၊ သတ္တုတူးဖော်မှုဆန့်ကျင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။
ဆာဘီးယားသမ္မတ အလက်ဇန်ဒါးဗူးဂျစ်ရဲ့ မျက်နှာပါတဲ့ ဆိုင်းဘုတ်တွေမှာ ‘သစ္စာဖောက်’ လို့ ရေးထားပြီး သတ္တုတူးဖော်ရေးစီမံကိန်းတွေ ချက်ချင်းရပ်ပါလို့ တောင်းဆိုခဲ့ပါတယ်။
အစိုးရက စီးပွားရေးတိုးတက်ဖို့အတွက် တရုတ်ကုမ္ပဏီ Zijin နဲ့ ဩစတြေးလျကုမ္ပဏီ Rio Tinto တို့ကို တွင်းထွက်တွေ တူးဖော်ခွင့် ပေးထားတာပါ။
အစိမ်းရောင်လှုပ်ရှားသူတွေကတော့ လေထုညစ်ညမ်းစေတယ်လို့ အပြင်းအထန်ကန့်ကွက်ပြီး ‘ရင်းနှီးမြှပ်နှံမှုတွေ ရပ်ပါ၊ သဘာဝကို ကယ်တင်ပါ’ ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ခဲ့ပါတယ်။
ဆားဘီးယားညွန့်ပေါင်းအစိုးရအနေနဲ့ ဧပြီ ၃ ရက်မှာ ရွေးကောက်ပွဲရှိနေပြီး အခုဆန္ဒပြမှုက မဲကိစ္စအတွက် ခေါင်းခဲစရာပါ။ သတ္တုစီမံကိန်းကို ဆက်လုပ်ခွင့်ပြုမလား၊ ရွေးကောက်ပွဲပြီးမှ ဆက်လုပ်ခိုင်းမလား ဝေခွဲမရ ဖြစ်လာပါတယ်။
နောက်ပြီး သမ္မတက ဖွံ့ဖြိုးရေးစီမံကိန်းအတွက် မြေယာအချို့ကို လျော်ကြေးမပေးဘဲ သိမ်းဆည်းရေး ဥပဒေတခုကို လွှတ်တော်မှာ တင်ထားပြီး သဘာဝပတ်ဝန်းကျင်အုပ်စုက ကန့်ကွတ်ထားပါတယ်။ ဆာဘီးယားဟာ ဥရောပနိုင်ငံတွေထဲမှာ လေထုအညစ်ညမ်းဆုံး နိုင်ငံပါ။