close

ဆာဘီးယားတွင် လူ ၈ ဦးသေဆုံးသွားသည့်ပစ်ခတ်မှုအတွင်း သေနတ်သမားကို ဖမ်းဆီး

ဆားဘီးယားနိုင်ငံမှာ ဒုတိယမြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ သံသယရှိသူ သေနတ်သမားကို ဆားဘီးယားရဲတပ်ဖွဲ့က မေ ၅ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေ က ကြေညာခဲ့ပါတယ်။

ဘဲဂရိတ်ဒ် အနီးရှိ ရွာတရွာမှာ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာကိုလည်း လုံခြုံရေး ယူထားပါတယ်။ 

“သံသယရှိသူဟာ ၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ယူဘီဆိုသူဖြစ်ပြီး ကရာဗူရှဗက်မြို့အနီးမှာ ဖမ်းဆီးရမိခဲ့ပြီးတော့ သူဟာ လူ ၈ ဦး သေဆုံးမှုနဲ့ လူ ၁၄ ဦး ဒဏ်ရာရရှိမှုတို့အတွက် သံသယရှိထားပါတယ်”လို့ ဆားဘီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။ 

ဒေသမီဒီယာတွေရဲ့ အဆိုအရ အဲဒီသံသယရှိသူဟာ မေလ ၄  ရက်နေ့နှောင်းပိုင်းက ကျောင်းဝင်းအတွင်း ရန်ဖြစ်မှုမှာ ပါဝင်ပတ်သက်ခဲ့ပြီး အဲဒီကနေ ထွက်ခွာသွားပြီးနောက်မှာ ချေမှုန်းရေး ရိုင်ဖယ်သေနတ်တလက်နဲ့ သေနတ်တိုတလက် တို့ကို ယူဆောင်ပြီး ပြန်လာခဲ့ကြောင်း သိရပါတယ်။

နောက်တော့ သူဟာ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ပြီး ကြုံရာလူတွေကို ရွေ့လျားနေတဲ့ ကားပေါ်ကနေ ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ 

ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူစစ်ခ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ နိုင်ငံကို မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရပါတယ်။ 

ဘော်လ်ကန်နိုင်ငံမှာ မေ ၃ ရက်က အသက်  ၁၃ နှစ်အရွယ် ကလေး ၁ ဦးက ဘဲလ်ဂရိတ်ဒ်ရှိ ကျောင်းတစ်ကျောင်းမှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

၂ ရက်အကြာမှာပဲ ဘဲလ်ဂရိတ်ဒ်ရဲ့ တောင်ဘက် ၂၆ မိုင် အကွာရှိ မလာဒီနိုဗက်စ် မြို့အနီးရှိ ဒူဘိုးနား ကျေးရွာမှာ ဒုတိယမြောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ 

Up