close

ဈေးဝယ်စင်တာ

close

March 11, 2023

စပိန်ရှိ ဈေးဝယ်စင်တာတွင် အသက် ၁၁ အရွယ်မိန်းကလေးကို ကလေး ၆ ယောက် အုပ်စုဖွဲ့ အဓမ္မကျင့်

စပိန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဘာဒါလိုနာမြို့က စျေးဝယ်စင်တာတစ်ခုမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အရွယ်မရောက်သေးတဲ့ တခြားကလေးငယ် ၆ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတဝန်း ဒေါသထွက်ခဲ့ကြပါတယ်။ 

စော်ကားကျူးလွန်သူ ၆ ဦးထဲက ၅ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ကက်တလန် ဒေသဆိုင်ရာ ရုပ်သံဌာန TV3 က ဖော်ပြပါတယ်။ 

ဖော်ထုတ်သိရှိထားသူ ၅ ဦးထဲက ၂ ဦးကို ဖမ်းဆီးထားပါတယ်။ ကျန်တဲ့ ၃ ဦးဟာ အသက် ၁၄ နှစ်အောက်တွေ ဖြစ်ကြတာကြောင့် သူတို့ကိုတော့ တရားစွဲဆိုခြင်း မရှိပါဘူး။

ကျူးလွန်ခံရသူရဲ့ အစ်မဖြစ်သူက ကက်တလိုနီးယားရဲ့ TV3 ရုပ်သံလိုင်းရှိ Planta Baixa အစီအစဉ်မှာ သူ့ညီမလေး ကြုံတွေ့ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြပါတယ်။ 

“စနေနေ့ မွန်းလွဲ ၁ နာရီလောက်က ဘာဒါလိုနာက မက်ဂျစ် ရှော့ပင်းမောလ်မှာ အဝတ်အစားတွေ ဘာတွေသွားဝယ်တုန်းက ကောင်လေး ၆ ယောက်က သူ့ဆီ ချဉ်းကပ်လာပြီးတော့ အိတ်ဆောင်ဓားနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ ညီမဖြစ်သူက ပြောပြကြောင်း၊ သူ့ညီမလေးကို အိမ်သာဆီ ခေါ်သွားပြီး အခြေခံအားဖြင့် သူတို့လိုချင်တာမှန်သမျှ လုပ်သွားကြကြောင်း” သတင်းထောက်ကို ပြောပြခဲ့ပါတယ်။

ဒီမုဒိမ်းမှုဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းကလေးရဲ့ မိသားစုဟာ ဒီဇင်ဘာလက လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တိုင်ကြားခဲ့ပြီးနောက်မှာ ကတ်တလန် ရဲတပ်ဖွဲ့က ဒီအမှုကို စုံစမ်းစစ်ဆေးနေပါတယ်။

15 mins Ago

July 4, 2022

ဒိန်းမတ် ဈေးဝယ်စင်တာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး ၃ ဦးသေဆုံး

ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာ တခုမှာ ဇူလိုင် ၃ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး ၃ ယောက်ဒဏ်ရာရသွားကာ  လူတချို့ ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနေ့ ညပိုင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အသက် ၂၂ နှစ်အရွယ် ဒိန်းမတ်အမျိုးသား တယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ 

ဒါဟာ အကြမ်းဖက် အဖွဲ့တွေနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ယတိပြတ် မပြောနိုင်ပါဘူး။ 

ဒီအဖြစ်အပျက်ကြောင့် အဲဒီနေ့ ညပိုင်းမှာ စီစဉ်ထားတဲ့ နာမည်ကြီးအဆိုတော် ဟယ်ရီစတိုင်းလ်ရဲ့ ဂီတပွဲကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ 

8 months Ago
Up