ဒိန်းမတ် ဈေးဝယ်စင်တာတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အနည်းဆုံး ၃ ဦးသေဆုံး

3
ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာ တခုမှာ ဇူလိုင် ၃ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပြီး အနည်းဆုံး ၃ ယောက်ဒဏ်ရာရသွားကာ လူတချို့ ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီနေ့ ညပိုင်း ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အသက် ၂၂ နှစ်အရွယ် ဒိန်းမတ်အမျိုးသား တယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
ဒါဟာ အကြမ်းဖက် အဖွဲ့တွေနဲ့ ပတ်သက်တဲ့ တိုက်ခိုက်မှု ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ယတိပြတ် မပြောနိုင်ပါဘူး။
ဒီအဖြစ်အပျက်ကြောင့် အဲဒီနေ့ ညပိုင်းမှာ စီစဉ်ထားတဲ့ နာမည်ကြီးအဆိုတော် ဟယ်ရီစတိုင်းလ်ရဲ့ ဂီတပွဲကိုလည်း ဖျက်သိမ်းလိုက်ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။