လီဗာပူးနောက်ခံလူဗန်ဒိုက်ဟာ တံကောက်ကြောဒဏ်ရာကြောင့် တလလောက် အနားယူရတော့မှာပါ။
ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပထမပိုင်း ၄၅ မိနစ် ကစားအပြီး လူစားလဲခဲ့ရတာပါ။
မူလက ဒဏ်ရာပြင်းထန်မှုမရှိတာကြောင့် ရက်ပိုင်းအတွင်းမှာ ပြန်လည်ကောင်းမွန်မယ်လို့ ယူဆခဲ့ကြပေမဲ့ စစ်ဆေးမှုတွေအပြီးမှာတော့ တလလောက် အနားယူရဖို့ ဖြစ်လာခဲ့တာပါ။
ဗန်ဒိုက်အနေနဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာကစားမယ့် ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်၊ ဘရိုက်တန်၊ ချဲလ်ဆီး၊ ဝုဗ်အသင်းတွေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာကစားမယ့် အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ ရည်မှန်းထားနေတယ်လို့ ဆိုပါတယ်။
ဒဏ်ရာအရှင်းမပျောက်သေးတဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်မှူးလူကာကူဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်နှစ်ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။
ဘယ်လ်ဂျီယံအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကနေဒါအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။
ကလပ်အသင်းမှာကတည်းက ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ လူကာကူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းနဲ့အတူ လိုက်ပါလာခဲ့ပေမယ့် ဒဏ်ရာအရှင်းမပျောက်သေးတာ ကြောင့် ထပ်မံအနားယူရမယ်ဖြစ်တယ်လို့ သိရပါတယ်။
ဒီအခြေအနေကြောင့် ကနေဒါနဲ့ပွဲစဉ်အပြင် မော်ရိုကိုနဲ့ အုပ်စုဒုတိယပွဲစဉ်ကိုပါ လွဲချော်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခရိုအေးရှားနဲ့ အုပ်စုနောက် ဆုံးပွဲစဉ်ကိုလည်း ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အခြေအနေဖြစ်ပြီး ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်သွားရမှာပါ။
အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယံသမိုင်းတလျှောက် ၆၈ ဂိုးနဲ့ ဂိုးအများ ဆုံးသွင်းထားသူဖြစ်ပြီး သူပါမဝင်နိုင်တာက အသင်းတိုက်စစ်ပိုင်းအတွက် အခက်တွေ့ဖို့ရှိနေပါတယ်။