လီဗာပူးနောက်ခံလူဗန်ဒိုက် ဒဏ်ရာကြောင့် တလခန့်အနားယူရမည်

လီဗာပူးနောက်ခံလူဗန်ဒိုက်ဟာ တံကောက်ကြောဒဏ်ရာကြောင့် တလလောက် အနားယူရတော့မှာပါ။
ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ပထမပိုင်း ၄၅ မိနစ် ကစားအပြီး လူစားလဲခဲ့ရတာပါ။
မူလက ဒဏ်ရာပြင်းထန်မှုမရှိတာကြောင့် ရက်ပိုင်းအတွင်းမှာ ပြန်လည်ကောင်းမွန်မယ်လို့ ယူဆခဲ့ကြပေမဲ့ စစ်ဆေးမှုတွေအပြီးမှာတော့ တလလောက် အနားယူရဖို့ ဖြစ်လာခဲ့တာပါ။
ဗန်ဒိုက်အနေနဲ့ ဇန်နဝါရီ ၇ ရက်နေ့မှာကစားမယ့် ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်၊ ဘရိုက်တန်၊ ချဲလ်ဆီး၊ ဝုဗ်အသင်းတွေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။
ဗန်ဒိုက်ဟာ ဖေဖော်ဝါရီ ၁၄ ရက်မှာကစားမယ့် အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ ရည်မှန်းထားနေတယ်လို့ ဆိုပါတယ်။