close

ဒဏ်ရာအရှင်းမပျောက်သေးသည့် တိုက်စစ်မှူးလူကာကူ အုပ်စုပွဲစဉ် ၂ ပွဲ လွဲချော်မည်

ဒဏ်ရာအရှင်းမပျောက်သေးတဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ တိုက်စစ်မှူးလူကာကူဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်နှစ်ပွဲကို လွဲချော်ဖို့ရှိနေပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ကနေဒါအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပါ။

ကလပ်အသင်းမှာကတည်းက ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ လူကာကူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့်အသင်းနဲ့အတူ လိုက်ပါလာခဲ့ပေမယ့် ဒဏ်ရာအရှင်းမပျောက်သေးတာ ကြောင့် ထပ်မံအနားယူရမယ်ဖြစ်တယ်လို့ သိရပါတယ်။

ဒီအခြေအနေကြောင့် ကနေဒါနဲ့ပွဲစဉ်အပြင် မော်ရိုကိုနဲ့ အုပ်စုဒုတိယပွဲစဉ်ကိုပါ လွဲချော်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ခရိုအေးရှားနဲ့ အုပ်စုနောက် ဆုံးပွဲစဉ်ကိုလည်း  ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အခြေအနေဖြစ်ပြီး ကြံ့ခိုင်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်သွားရမှာပါ။

အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယံသမိုင်းတလျှောက် ၆၈ ဂိုးနဲ့ ဂိုးအများ ဆုံးသွင်းထားသူဖြစ်ပြီး သူပါမဝင်နိုင်တာက အသင်းတိုက်စစ်ပိုင်းအတွက် အခက်တွေ့ဖို့ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up