close

ဒါဝင်နူနက်ဇ်

close

February 20, 2023

လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်က ဒါဝင်နူနက်ဇ်ကို ဖာနန်ဒိုတောရက်စ်နှင့် နှိုင်းယှဉ်ချီးကျူး

လီဗာပူးနည်းပြဟောင်း ဘင်နီတက်ဇ်က တိုက်စစ်မှူးဒါဝင်နူနက်ဇ်ကို တချိန်က တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်နဲ့ နှိုင်းယှဉ်ချီးကျူးသွားပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ်မှာ ၆ ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။

အဲဒီပွဲစဉ်ကို စကိုင်းစပေါ့ကနေ သုံးသပ်တင်ဆက်ခဲ့တဲ့ နည်းပြဟောင်း ဘင်နီတက်ဇ်ကတော့ နူနက်ဇ်ဟာ ဖာနန်ဒိုတောရက်စ် လီဗာပူးအသင်းဆီရောက်လာချိန်ကလိုဖြစ်ပြီး တချိန်မှာ တောရက်စ်လို တိုက်စစ်မှူးဖြစ်လာလိမ့်မယ်လို့ ချီးကျူးသွားခဲ့တာပါ။

တောရက်စ်ဟာ လီဗာပူးအသင်းဆီရောက် လာချိန်က နူနက်ဇ်လိုပဲ အကောင်းဆုံး အဆုံးသတ်ဂိုးသွင်းနိုင်သူမဟုတ်ခဲ့ကြောင်း၊ အသင်းနဲ့အတူ သေချာ အံဝင်လာတဲ့အချိန်မှာတော့ အားလုံးသိကြတဲ့ တောရက်စ်ဆိုပြီးဖြစ်လာခဲ့ကြောင်း၊ နူနက်ဖ်ဟာလည်း တောရက်စ်လို တိုက်စစ်မှူးဖြစ်လာနိုင်ကြောင်း ဘင်နီတက်ဇ်က ချီးကျူးခဲ့တာဖြစ်ပါတယ်။ 

2 hours Ago

October 4, 2022

ဒါဝင်နူနက်ဇ်ခြေစွမ်းပြရန် အချိန်တစ်ခုလိုအပ်ဟု နည်းပြကလော့ပ်သုံးသပ်

တိုက်စစ်မှူးဒါဝင်နူနက်ဇ်ခြေစွမ်းပြဖို့ အချိန်တစ်ခုလိုအပ်ကြောင်း လစ်ဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာ အခုနှစ်ရာသီအစကမှ ဘင်ဖီကာ အသင်းကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

နူနက်ဇ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲကစားအပြီးမှာ ၁ ဂိုးပဲ သွင်းယူနိုင်သေးပြီး အသင်းမှာ အံဝင်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ကြောင်း နည်းပြကလော့ပ်ကပြောပါတယ်။

“ဒါဝင်နူနက်ဇ်တစ်ယောက် အသားကျဖို့လုပ်ဆောင်နေရဆဲဆိုတာ မှန်ပါတယ်။ ကျနော်တို့ ခေါ်လိုက်တဲ့ကစားသမားတိုင်းက အမြဲတမ်းအံဝင်တာများပါတယ်။ လူသစ်ရောက်လာတိုင်း အားလုံးကသူ့အကြောင်းပြောကြပြီး ချက်ခြင်းခြေစွမ်းပြစေချင်ကြတယ်။ ဒါက အချိန်တစ်လိုအပ်ပါ တယ်။ တချို့ကျတော့လည်း မလိုအပ်တာမျိုးရှိတယ်”လို့ နည်းပြကလော့ပ်က ပြောပါတယ်။

တိုက်စစ်မှူးနူနက်ဇ်ဟာ စပိန်နဲ့ ပေါ်တူဂီစကားပဲပြောတက်တာကြောင့် လက်ထောက်နည်းပြနဲ့ အချိန်ကြာအောင်စကားပြောခဲ့ပြီးဖြစ်ကြောင်း၊ ကစားသမားဘက်က ခြေစွမ်းပြဖို့ စိုးရိမ်စရာမရှိသလို အသင်းဘက်ကလည်း စိုးရိမ်စရာမရှိကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။ 

5 months Ago
Up