close

ဒိန်းမတ်အသင်း

close

September 30, 2022

ဒိန်းမတ်အသင်း ဂျာစီကို အရောင်တစ်မျိုးတည်းသာထုတ်လုပ်ပြီး ကမ္ဘာ့ဖလား အိမ်ရှင်ကာတာကို သပိတ်မှောက်

ဒိန်းမတ်အသင်းဟာ သူတို့ရဲ့အသင်းဂျာစီကို အရောင်တစ်မျိုးတည်းနဲ့သာဒီဇိုင်းထုတ်လုပ်ပြီး ကမ္ဘာ့ဖလား အိမ်ရှင်ကာတာကို သပိတ်မှောက်သွားမှာဖြစ်ပါတယ်။

အိမ်ကွင်းဂျာစီအနီရောင်၊ ဒုတိယဝတ်စုံအဖြူရောင်တွေရဲ့ လိုဂို၊ အမှတ်တံဆိပ်နဲ့ စပွန်ဆာအမည်တွေကို အရောင်တစ်မျိုး တည်းနဲ့သာဒီဇိုင်း ထုတ်လုပ်ခဲ့တာပါ။

ဒါ့အပြင်တတိယဝတ်စုံမှာတော့ အားလုံးကို အနက်ရောင် တစ်မျိုး တည်းသာအသုံးပြုပြီး ဒီဇိုင်းထုတ်လုပ်ထားတာပါ။

ဒါဟာ ကာတာနိုင်ငံကဘောလုံးကွင်းတွေမှာအလုပ်လုပ်ရင်း ကွယ်လွန်သွားခဲ့ကြသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ဘောလုံးကွင်းတွေတည်ဆောက်ရေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေကိုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ပြီး လူပေါင်း ၆၀၀၀ ခန့်သေဆုံးခဲ့ရပါတယ်။

ဒိန်းမတ်အသင်းဟာ ကာတာကမ္ဘာ့ဖလား အုပ်စု D မှာ ပြင်သစ်၊ တူနီးရှား၊ သြစတြေးလျအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး  နိုဝင်ဘာ ၂၂ ရက်မှာ တူနီးရှားနဲ့ စတင်ကစားသွားရမှာဖြစ်ပါတယ်။ 

2 mins Ago

January 5, 2022

နှလုံးရောဂါပျောက်ကင်းသွား၍ ကမ္ဘာ့ဖလားကစားချင်ကြောင်း အဲရစ်ဆင်ပြော

နှလုံးရောဂါ ပျောက်ကင်းသွားခဲ့ပြီဖြစ်လို့ ဒိန်းမတ်အသင်းနဲ့အတူ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေ ကစားချင်တယ်လို့ ကွင်းလယ်လူအဲရစ်ဆင်ကပြောပါတယ်။ 

အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နှလုံဖောက်ပြီး ကွင်းအတွင်းလဲကျခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှု လုပ်ဆောင်ခဲ့ရပါတယ်။ 

“ကျနော်ရွေးချယ်ခံရဦး မလားမသိပေမယ့် ဘောလုံးပြန်‌ကစားပြီး ကမ္ဘာ့ဖလားမှာပါဝင်ကစားချင်တာက ကျနော့်ရဲ့အိပ်မက်ပါပဲ‌ေ ဘယ်လိုခံစားမှုမှမရှိတော့တာကြောင့် ကျနော်ပြန်ကစား နိုင်နေပြီဆိုတာ သေချာပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရလည်း ထိပ်တန်းပုံစံအတိုင်းပြန်ရနေပါပြီ။ ဒါ ကြောင့် ဘောလုံးပြန်ကစားပြီးတော့ အရင်ကလိုတူညီတဲ့ အဆင့်အတန်းပြန်ရောက်နေပြီဆိုတာ သက်သေပြချင်တယ်” လို့ အဲရစ်ဆင်က ဒိန်းမတ်မီဒီယာ DR နဲ့ အင်တာဗျူးမှာပြောသွားပါတယ်။ 

အဲရစ် ဆင်ဟာ ခရစ္စမတ်မတိုင်ခင်ကတည်းက သူ့ရဲ့ နှလုံးရောဂါ အခြေအနေကို ပြန်လည်စစ်ဆေးခဲ့ပြီး အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။ 

သူဟာ ဒိန်းမတ်နဲ့ ဆွစ်ဇာလန်ကလပ်တွေမှာ အသင်းလိုက်လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။ 

9 months Ago
Up