နှလုံးရောဂါပျောက်ကင်းသွား၍ ကမ္ဘာ့ဖလားကစားချင်ကြောင်း အဲရစ်ဆင်ပြော

နှလုံးရောဂါ ပျောက်ကင်းသွားခဲ့ပြီဖြစ်လို့ ဒိန်းမတ်အသင်းနဲ့အတူ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေ ကစားချင်တယ်လို့ ကွင်းလယ်လူအဲရစ်ဆင်ကပြောပါတယ်။
အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ နှလုံဖောက်ပြီး ကွင်းအတွင်းလဲကျခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှု လုပ်ဆောင်ခဲ့ရပါတယ်။
“ကျနော်ရွေးချယ်ခံရဦး မလားမသိပေမယ့် ဘောလုံးပြန်ကစားပြီး ကမ္ဘာ့ဖလားမှာပါဝင်ကစားချင်တာက ကျနော့်ရဲ့အိပ်မက်ပါပဲေ ဘယ်လိုခံစားမှုမှမရှိတော့တာကြောင့် ကျနော်ပြန်ကစား နိုင်နေပြီဆိုတာ သေချာပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရလည်း ထိပ်တန်းပုံစံအတိုင်းပြန်ရနေပါပြီ။ ဒါ ကြောင့် ဘောလုံးပြန်ကစားပြီးတော့ အရင်ကလိုတူညီတဲ့ အဆင့်အတန်းပြန်ရောက်နေပြီဆိုတာ သက်သေပြချင်တယ်” လို့ အဲရစ်ဆင်က ဒိန်းမတ်မီဒီယာ DR နဲ့ အင်တာဗျူးမှာပြောသွားပါတယ်။
အဲရစ် ဆင်ဟာ ခရစ္စမတ်မတိုင်ခင်ကတည်းက သူ့ရဲ့ နှလုံးရောဂါ အခြေအနေကို ပြန်လည်စစ်ဆေးခဲ့ပြီး အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။
သူဟာ ဒိန်းမတ်နဲ့ ဆွစ်ဇာလန်ကလပ်တွေမှာ အသင်းလိုက်လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။