ဒိန်းမတ်အသင်း ဂျာစီကို အရောင်တစ်မျိုးတည်းသာထုတ်လုပ်ပြီး ကမ္ဘာ့ဖလား အိမ်ရှင်ကာတာကို သပိတ်မှောက်

ဒိန်းမတ်အသင်းဟာ သူတို့ရဲ့အသင်းဂျာစီကို အရောင်တစ်မျိုးတည်းနဲ့သာဒီဇိုင်းထုတ်လုပ်ပြီး ကမ္ဘာ့ဖလား အိမ်ရှင်ကာတာကို သပိတ်မှောက်သွားမှာဖြစ်ပါတယ်။
အိမ်ကွင်းဂျာစီအနီရောင်၊ ဒုတိယဝတ်စုံအဖြူရောင်တွေရဲ့ လိုဂို၊ အမှတ်တံဆိပ်နဲ့ စပွန်ဆာအမည်တွေကို အရောင်တစ်မျိုး တည်းနဲ့သာဒီဇိုင်း ထုတ်လုပ်ခဲ့တာပါ။
ဒါ့အပြင်တတိယဝတ်စုံမှာတော့ အားလုံးကို အနက်ရောင် တစ်မျိုး တည်းသာအသုံးပြုပြီး ဒီဇိုင်းထုတ်လုပ်ထားတာပါ။
ဒါဟာ ကာတာနိုင်ငံကဘောလုံးကွင်းတွေမှာအလုပ်လုပ်ရင်း ကွယ်လွန်သွားခဲ့ကြသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ကာတာနိုင်ငံဟာ ဘောလုံးကွင်းတွေတည်ဆောက်ရေးမှာ ရွှေ့ပြောင်းအလုပ်သမားတွေကိုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ပြီး လူပေါင်း ၆၀၀၀ ခန့်သေဆုံးခဲ့ရပါတယ်။
ဒိန်းမတ်အသင်းဟာ ကာတာကမ္ဘာ့ဖလား အုပ်စု D မှာ ပြင်သစ်၊ တူနီးရှား၊ သြစတြေးလျအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နိုဝင်ဘာ ၂၂ ရက်မှာ တူနီးရှားနဲ့ စတင်ကစားသွားရမှာဖြစ်ပါတယ်။