close

နက်တို

close

August 25, 2022

တိုက်စစ်မှူး နက်တိုအတွက် အာဆင်နယ် တရားဝင်မကမ်းလှမ်းသေးဟု ဝုဗ်နည်းပြပြော

တိုက်စစ်ကစားသမား ပက်ဒရိုနက်တိုအတွက် အာဆင်နယ်ဘက်က တရားဝင်ကမ်းလှမ်းတာ မရှိသေးကြောင်း ဝုဗ်နည်းပြ ဘရူနိုလက်ချ်က အတည်ပြုပြောပါတယ်။

အာဆင်နယ်ဟာ နိစ်အသင်းဆီ အငှားချခဲ့တဲ့ နီကိုလပ်စ်ပေပေနေရာအတွက် ဝုဗ်တောင်ပံတိုက်စစ်ကစားသမား နက်တိုကိုခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။

နက်တိုနဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေ ကြားသိနေရပေမဲ့ မိမိဆီကိုတော့ သတင်းပို့လာခြင်း မရှိသေးကြောင်း၊ ကစားသမားကောင်းတွေ ရှိတဲ့အတွက် တခြားအသင်းတွေရဲ့ စိတ်ဝင်စားမှုခံရတာကလည်း မထူးဆန်းကြောင်း နည်းပြ ဘရူနိုလက်ချ်က ပြောပါတယ်။

ဝုဗ်ဟာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအတွက် ဗလင်စီယာက ဂွီဒက်စ်၊ စပို့တင်းလစ္စဘွန်းက နူနက်ဇ်တို့ကိုလည်း ခေါ်ယူထားပါတယ်။

ဒါကြောင့် နက်တိုအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ လောက် ပေးချေမယ်ဆိုရင် ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။

16 mins Ago

August 23, 2022

ဝုဗ်ကွင်းလယ်ကစားသမား နက်တိုကိုခေါ်ယူရန် အာဆင်နယ်အသင်းဆွေးနွေး

အာဆင်နယ်အသင်းဟာ ဝုဗ်ကွင်းလယ်တိုက်စစ်ကစားသမား နက်တိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ ပေါ်တူဂီကစားသမားဟာ အာဆင်နယ်ရဲ့ နံပါတ်တစ် ပစ်မှတ်ကစားသမားဖြစ်လာပြီ ပြီးခဲ့တဲ့လပိုင်းကတည်းက အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

နည်းပြအာတေတာဟာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ နီကိုလက်စ်ပေပေကို နိစ်အသင်းဆီ အငှားချဖို့ပြင်ဆင်ထားပြီး သူ့နေရာမှာ နက်တိုနဲ့ အစားထိုးဖို့ စီစဉ်ထားတာပါ။

ဝုဗ်အသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်တိုက်စစ်မှူး ကာလက်ဇစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး နက်တိုကို ပေါင်သန်း ၅၀ ရမယ်ဆိုရင် ရောင်းချဖို့ရှိပါတယ်။

နက်တိုဟာ ၂၀၁၉ ခုနှစ်က ဝုဗ်အသင်းဆီပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၉၅ ပွဲမှာ ၂၃ ဂိုး သွင်းယူထားပါတယ်။ 

2 days Ago
Up