ဝုဗ်ကွင်းလယ်ကစားသမား နက်တိုကိုခေါ်ယူရန် အာဆင်နယ်အသင်းဆွေးနွေး

5
အာဆင်နယ်အသင်းဟာ ဝုဗ်ကွင်းလယ်တိုက်စစ်ကစားသမား နက်တိုကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိ ပေါ်တူဂီကစားသမားဟာ အာဆင်နယ်ရဲ့ နံပါတ်တစ် ပစ်မှတ်ကစားသမားဖြစ်လာပြီ ပြီးခဲ့တဲ့လပိုင်းကတည်းက အေးဂျင့်ဂျော့မန်ဒက်စ်နဲ့ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။
နည်းပြအာတေတာဟာ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ နီကိုလက်စ်ပေပေကို နိစ်အသင်းဆီ အငှားချဖို့ပြင်ဆင်ထားပြီး သူ့နေရာမှာ နက်တိုနဲ့ အစားထိုးဖို့ စီစဉ်ထားတာပါ။
ဝုဗ်အသင်းဟာ ဘွန်ဒက်စ်လီဂါကလပ် စတုဂတ်တိုက်စစ်မှူး ကာလက်ဇစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီး နက်တိုကို ပေါင်သန်း ၅၀ ရမယ်ဆိုရင် ရောင်းချဖို့ရှိပါတယ်။
နက်တိုဟာ ၂၀၁၉ ခုနှစ်က ဝုဗ်အသင်းဆီပြောင်းရွှေ့လာခဲ့ပြီး စုစုပေါင်း ၉၅ ပွဲမှာ ၂၃ ဂိုး သွင်းယူထားပါတယ်။