close

နည်းပြကွန်တီ

close

March 27, 2023

နည်းပြကွန်တီကို စပါးအသင်း ထုတ်ပယ်

စပါးအသင်းဟာ နည်းပြကွန်တီကို ထုတ်ပယ်လိုက်ပြီး  လက်ထောက်နည်းပြ စတယ်လီနီက ရာသီကုန်အထိ တာဝန်ယူသွားမှာဖြစ်ပါတယ်။

အီတလီနည်းပြကွန်တီဟာ  စပါးအသင်းကို ၁၆ လကြာတာဝန်ယူခဲ့ပြီး နှစ်ဦးသဘောတူလမ်းခွဲခဲ့တာလို့ စပါးအသင်း ကထုတ်ပြန်ပါတယ်။

ကစားသမားဟောင်း ရွိုင်ယယ်မေဆန်က လက်ထောက်နည်းပြအနေနဲ့ တာဝန်ယူသွားမှာဖြစ်ပြီး လက်ကျန် ၁၀ ပွဲမှာ စုစုစည်းစည်းကစားကာ ရလဒ်ကောင်းရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ လီဗိုင်းက ပြောပါတယ်။

ကွန်တီဟာ ဆောက်သမ်တန်နဲ့ ၃ ဂိုးစီသရေကျတဲ့ပွဲမှာ ကစားသမားတွေကို တစ်ကိုယ်ကောင်းဆန်ခဲ့ကြတယ်လို့ ဝေဖန်ခဲ့သလို အသင်းကိုလည်းဝေဖန်ခဲ့ပါသေးတယ်။

စပါးအသင်းဟာ လာမယ့် ရာသီအတွက်တော့ ဘိုင်ယန်နည်းပြဟောင်း နာဂယ်စ်မန်း၊ အသင်းနည်းပြဟောင်း ပိုချက်တီနိုတို့ကိုခန့်အပ်ဖို့ ရေပန်းစားနေပါတယ်။ 

16 mins Ago

March 19, 2023

စပါးအသင်းတွင် တကိုယ်ကောင်းဆန်သူများနေဟု နည်းပြကွန်တီဝေဖန်

စပါးအသင်းမှာ တကိုယ်ကောင်းဆန်တဲ့ ကစားသမားတွေများနေကြောင်း ဆောက်သမ်တန်နဲ့ ၃ ဂိုးစီ သရေကျတဲ့ ပွဲစဉ်အပြီးမှာ နည်းပြကွန်တီက ဝေဖန်ပါတယ်။

စပါးအသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်ကို ၃ ဂိုး ၁ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ချေပဂိုး ၂ ဂိုး ဆက်တိုက်ပေးရပြီး သရေတစ်မှတ်သာ ရယူနိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ ကစားသမားတွေဟာ အသင်းလိုက် ကစားတာမျိုးမရှိခဲ့ဘဲ တကိုယ်ကောင်းဆန်တဲ့သူတွေက များနေတယ်လို့ နည်းပြကဝေဖန်ခဲ့တာပါ။

“ကစားသမားတွေအနေနဲ့ တာဝန်ယူမှုရှိရပါလိမ့်မယ်။ တကိုယ်ကောင်းဆန်တဲ့သူတွေများနေပြီး အသင်းတစ်သင်းလို မမြင်တွေ့ခဲ့ရဘူး။ လက်ရှိအချိန်မှာ ကျနော်တို့ရဲ့ပုံစံက အသင်းတစ်သင်း မဟုတ်သလို စိတ်အားထက်သန်မှုလည်းမရှိဘူး။ ကျနော်တို့ဟာ နှလုံးသားကို ကွင်းပေါ်မှာထားပြီး အသင်းရဲ့လိုဂိုအတွက် ကစားဖို့အဆင်သင့်ဖြစ်မနေဘူး”လို့ နည်းပြကွန်တီက ပြောပါတယ်။

စပါးအသင်းဟာ ဒီပွဲသရေရလဒ်ကြောင့် အဆင့်လေးနေရာကနေ ဖယ်မပေးခဲ့ရပေမယ့် နှစ်ပွဲပိုကစား ထားတဲ့အခြေအနေမှာ နယူးကာဆယ်နဲ့ နှစ်မှတ်၊ လီဗာပူးနဲ့ ၇ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။ 

1 week Ago
Up