နည်းပြကွန်တီကို စပါးအသင်း ထုတ်ပယ်

3
စပါးအသင်းဟာ နည်းပြကွန်တီကို ထုတ်ပယ်လိုက်ပြီး လက်ထောက်နည်းပြ စတယ်လီနီက ရာသီကုန်အထိ တာဝန်ယူသွားမှာဖြစ်ပါတယ်။
အီတလီနည်းပြကွန်တီဟာ စပါးအသင်းကို ၁၆ လကြာတာဝန်ယူခဲ့ပြီး နှစ်ဦးသဘောတူလမ်းခွဲခဲ့တာလို့ စပါးအသင်း ကထုတ်ပြန်ပါတယ်။
ကစားသမားဟောင်း ရွိုင်ယယ်မေဆန်က လက်ထောက်နည်းပြအနေနဲ့ တာဝန်ယူသွားမှာဖြစ်ပြီး လက်ကျန် ၁၀ ပွဲမှာ စုစုစည်းစည်းကစားကာ ရလဒ်ကောင်းရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ လီဗိုင်းက ပြောပါတယ်။
ကွန်တီဟာ ဆောက်သမ်တန်နဲ့ ၃ ဂိုးစီသရေကျတဲ့ပွဲမှာ ကစားသမားတွေကို တစ်ကိုယ်ကောင်းဆန်ခဲ့ကြတယ်လို့ ဝေဖန်ခဲ့သလို အသင်းကိုလည်းဝေဖန်ခဲ့ပါသေးတယ်။
စပါးအသင်းဟာ လာမယ့် ရာသီအတွက်တော့ ဘိုင်ယန်နည်းပြဟောင်း နာဂယ်စ်မန်း၊ အသင်းနည်းပြဟောင်း ပိုချက်တီနိုတို့ကိုခန့်အပ်ဖို့ ရေပန်းစားနေပါတယ်။