close

နည်းပြယာဂန်ကလော့ပ်

close

March 4, 2023

ခြေစွမ်းပြနေသည့် ရက်ရှ်ဖို့ဒ်အတွက် ပျော်ရွှင်ရကြောင်း နည်းပြယာဂန်ကလော့ပ်ပြော

မန်ယူအသင်းမှာ ခြေစွမ်းပြသနေတဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်အတွက် ပျော်ရွှင်ရကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။

မန်ယူအသင်းနဲ့ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းပြနေမှုအပေါ် ပျော်ရွှင်ရကြောင်း ကလော့ပ်က ပြန်လည်ဖြေကြားခဲ့တာပါ။ 

လီဗာပူးနည်းပြ တစ်ယောက်အနေနဲ့ မန်ယူနိုက်တက် အသင်းမှာ အပေါင်းလက္ခဏာတွေ ဖြစ်ပေးနေတာကို ကျေနပ်ပျော်ရွှင်ဖို့ မဖြစ်နိုင်ပေမယ့်  သူ့အနေနဲ့ကတော့ ခြေစွမ်းပြသနေတဲ့ ရက်ရှ်ဖို့ဒ်အတွက် ကျေနပ်ပျော်ရွှင်မိကြောင်း ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ နည်းစနစ်၊ အမြန်နှုန်းကောင်းမွန်သလို  ဂိုးပေါက်ရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ မတူညီတဲ့ သွင်းဂိုးတွေ သွင်းယူနိုင်စွမ်းရှိကြောင်း၊ ယူနိုက်တက်နဲ့ပွဲစဉ်မှာ ခံစစ် စုစုစည်းစည်းဖြစ်နေဖို့လိုကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။

4 mins Ago

February 5, 2023

လီဗာပူးအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဟု နည်းပြယာဂန်ကလော့ပ်ပြော

လီဗာပူးအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရ တာပါ။

နောက်ဆုံးကစားခဲ့တဲ့  ၇ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပေမဲ့ လက်ရှိအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ် တယ်လို့ နည်းပြကလော့ပ်က ပြောခဲ့တာပါ။

“အသင်းသားတွေအပေါ် ယုံကြည်မူပျောက်ဆုံး တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တိုးတက်မှုရှိလာဖို့တော့လိုတယ်။ ဒီလိုဖြစ်ဖို့ပဲ ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်နေရတာပါပဲ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။

အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြဖို့အတွက်လည်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် လိဂ်အဝေးကွင်း ၃ ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

4 weeks Ago
Up