close

နဗီးလ်

close

April 30, 2023

အာဆင်နယ် စီနီယာကစားသမား ၄ ဦး၏ ခေါင်းဆောင်မှုစွမ်းရည်ကို နဗီးလ်ဝေဖန်

ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်းမှာပြသခဲ့တဲ့ အာဆင်နယ်စီနီယာကစားသမားလေးဦးရဲ့ ခေါင်းဆောင်မှု စွမ်းဆောင်ရည်အပေါ် မန်ယူနိုက်တက်နဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဝေဖန်သွားပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး အဓိကပြိုင်ဘက် မန်စီးတီးနဲ့ပွဲမှာလည်း ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံဆု လက်လွှတ်လိုက်ရဖို့ဖြစ်လာခဲ့တာပါ။ 

အဲဒီလို အသင်းရဲ့ရလဒ်တွေ ယိမ်းယိုင်လာခဲ့တဲ့အခြေအနေမှာ စီနီယာကစားသမားတွေရဲ့ ဦးဆောင်နိုင်စွမ်းမရှိခဲ့တာကို နဗီးလ်ကဝေဖန် ထောက်ပြခဲ့တာပါ။

အသင်းခေါင်းဆောင် အိုဒီဂတ်အပါဝင် ပါတေး၊ ချာကာနဲ့ ဇင်ချန်ကို တို့ဟာ ဆာကာနဲ့ မာတင်နယ်လီတို့လို ငယ်ရွယ်တဲ့ကစားသမားတွေကို ဆွဲတင်ပေးနိုင်မှုမရှိခဲ့ကြောင်းနဲ့ သူတို့ကိုယ်တိုင်လည်း အခက်ခဲဆုံးအချိန်တွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း နဗီးလ်ကပြောပါတယ်။

ဇင်ချန်ကိုဟာ လီဗာပူး၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်အသင်းတွေနဲ့ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာ အမှားလုပ်ခဲ့သလို ချာကာ၊ အိုဒီဂတ်နဲ့ ပါတေးတို့ဟာလည်း အသင်းရဲ့ရလဒ်ဆိုးတွေမှာ အဓိကတာ ဝန်ရှိသူတွေဖြစ်ကြောင်း၊ ငယ်ရွယ်တဲ့ အသင်းဖော်တွေကို ဦးဆောင်လမ်းပြနိုင်ခြင်းမရှိခဲ့ကြောင်း နဗီးလ်ကဝေဖန်ခဲ့ပါတယ်။ 

7 mins Ago

February 27, 2023

တန်ဟတ်ဂ်ဟာ မန်ယူအသင်းကို အောင်နိုင်သူအဖြစ် ပြောင်းလဲနိုင်ခဲ့ဟု နဗီးလ်ချီးကျူး

နည်းပြတန်ဟတ်ဂ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အောင်နိုင်သူအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ကစားသမားဟောင်းဖြစ်သူ  ဂယ်ရီနဗီးလ်က ပြောပါတယ်။

တန်ဟတ်ဂ်ဟာ ယူနိုက်တက်အသင်းကို ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားတစ်လုံး ရယူပေးနိုင်ခဲ့ပြီးနောက်မှာ နည်းပြတန်ဟတ်ဂ်ကို နဗီးလ်က ချီးကျူးခဲ့တာပါ။

မန်ယူအသင်းသားတွေမှာ မဆုတ်မနစ်ကြိုးစားမှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်တွေ ရှိပြီး နည်းပြတန်ဟတ်ဂ်ဟာလည်း ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေပြုလုပ်ကာ အသင်းကို ညည်းညူသူတွေအဖြစ်ကနေ အောင်နိုင်သူတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း နဗီးလ်ကပြောပါတယ်။

မန်ယူအသင်းဟာ မနှစ်ကရာသီက အသင်းအတွင်းမှာ စည်းလုံးမှုပြိုကွဲမှုတွေရှိခဲ့ပြီး အုပ်စုတွေလည်းကွဲခဲ့ကြောင်း၊ အခုနှစ်ရာသီမှာ နည်းပြတန်ဟတ်ရဲ့ စုစည်းပေးနိုင်မှုဟာ  မယုံကြည်နိုင်စရာကောင်းကြောင်း နဗီးလ်ကစကိုင်းစပေါ့ရုပ်သံကနေ ချီးကျူးသွားခဲ့ပါတယ်။ 

2 months Ago
Up