close

နယူးကာဆယ်

close

May 8, 2023

နယူးကာဆယ်အပေါ်ရှုံးကြွေးတင်ခဲ့သည့် ဗီဒီယိုဖိုင်ကို ပွဲမတိုင်ခင်မှာပြသခဲ့ဟု အာတေတာ ပြော

မနှစ်ကဘောလုံးရာသီမှာ နယူးကာဆယ်အသင်းအပေါ် ရှုံးကြွေးတင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ပွဲမတိုင်ခင် မှာပြသခဲ့ကြောင်း အာဆင်နယ် နည်းပြအာတေတာက ပြောပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ ၂ ဂိုး ဂိုးမရှိရလဒ်အတိုင်း ပြန်လည်အနိုင်ရရှိခဲ့တာပါ။

အာဆင်နယ်ဟာပြီးခဲ့တဲ့ရာသီက နယူးကာဆယ်အိမ်ကွင်းမှာ ၂ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရူံးစေခဲ့တာပါ။

နည်းပြအာတေတာဟာ အာဆင်နယ်အသင်းရဲ့ All or Nothing Documentary မှာပါဝင်တဲ့ အဲဒီရှုံးပွဲအကြောင်း ဗီဒီယိုဖိုင်ကို ကစားသမားတွေ စိတ်ဓာတ်တက်ကြွစေဖို့ ပြန်လည် ပြသခဲ့တာပါ။

အဲဒီအချိန်ကရှုံးပွဲနဲ့ ပတ်သက်ပြီး ကစားသမားတွေဟာ စိတ်ခံစားမှုပြင်းထန်ခဲ့ရပြီး  အခွင့်အရေးပြန်ရတဲ့ မနေ့ကပွဲစဉ်မှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့ကြောင်း၊ မတူညီတဲ့ နည်းလမ်းတွေ၊ စိတ်ဆန္ဒပြင်းပြမှုတွေ၊ အရည်အသွေးကောင်းတွေနဲ့ ယှဉ်ပြိုင်ကစားပြနိုင်ခဲ့ကြောင်း နည်းပြအာတေတာကပြောပါတယ်။ 

နယူးကာဆယ်အသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့တဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။

13 mins Ago

May 5, 2023

နေမာကို ပရီးမီးယားလိဂ်ဆီကိုခေါ်ယူရန် နယူးကာဆယ်အသင်းပိုင်ရှင် ကြိုးပမ်း

နယူးကာဆယ်အသင်းပိုင်ရှင်တွေဟာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။ 

အသင်းရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  PIF ခေါ် ဆော်ဒီပြည်သူ့ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့က တာဝန်ရှိသူတွေဟာ နေမာကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်ဖို့ ဆန္ဒရှိနေပြီး ဝယ်ယူနိုင်မယ့် အခြေအနေတွေကို မေးမြန်းစုံစမ်းနေတယ်လို့ 90 mins သတင်းမှာဖော်ပြပါတယ်။ 

ကွင်းလယ်လူ ဂွီမာရေးစ်နဲ့ ဂျိုလင်တန်တို့ဟာလည်း ဘရာဇီးသား တွေဖြစ်တာကြောင့် နေမာကို ခေါ်ယူ နိုင်ရေးမှာ အထောက်အကူဖြစ်စေဖို့ နယူးကာဆယ်အသင်းကမျှော်လင့်နေပါတယ်။ အသက် ၃၁ နှစ်ရှိ နေမာဟာ ပီအက်စ်ဂျီကနေထွက်ခွာမယ်လို့ သတင်းထွက်နေသူဖြစ်ပြီး လမယ့်ရာသီမှာချန်ပီယံလိဂ်ပြိုင် ပွဲကစားရဖို့ရှိတဲ့ နယူးကာ ဆယ်အသင်းကခေါ်ယူလိုနေတာပါ။

ပိုင်ရှင်တွေဟာ ရော်နယ်ဒိုကစားနေတဲ့ အယ်လ်နာ ဆာအသင်းနဲ့လည်း အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ရော်နယ်ဒိုကို ခေါ်ယူဖို့ကိစ္စကတော့ အဆင်မပြေနိုင်လို့ ကြိုးပမ်းခြင်းမရှိခဲ့တာလို့ သိရပါတယ်။

3 days Ago
Up