နေမာကို ပရီးမီးယားလိဂ်ဆီကိုခေါ်ယူရန် နယူးကာဆယ်အသင်းပိုင်ရှင် ကြိုးပမ်း

နယူးကာဆယ်အသင်းပိုင်ရှင်တွေဟာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။
အသင်းရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့ PIF ခေါ် ဆော်ဒီပြည်သူ့ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့က တာဝန်ရှိသူတွေဟာ နေမာကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်ဖို့ ဆန္ဒရှိနေပြီး ဝယ်ယူနိုင်မယ့် အခြေအနေတွေကို မေးမြန်းစုံစမ်းနေတယ်လို့ 90 mins သတင်းမှာဖော်ပြပါတယ်။
ကွင်းလယ်လူ ဂွီမာရေးစ်နဲ့ ဂျိုလင်တန်တို့ဟာလည်း ဘရာဇီးသား တွေဖြစ်တာကြောင့် နေမာကို ခေါ်ယူ နိုင်ရေးမှာ အထောက်အကူဖြစ်စေဖို့ နယူးကာဆယ်အသင်းကမျှော်လင့်နေပါတယ်။ အသက် ၃၁ နှစ်ရှိ နေမာဟာ ပီအက်စ်ဂျီကနေထွက်ခွာမယ်လို့ သတင်းထွက်နေသူဖြစ်ပြီး လမယ့်ရာသီမှာချန်ပီယံလိဂ်ပြိုင် ပွဲကစားရဖို့ရှိတဲ့ နယူးကာ ဆယ်အသင်းကခေါ်ယူလိုနေတာပါ။
ပိုင်ရှင်တွေဟာ ရော်နယ်ဒိုကစားနေတဲ့ အယ်လ်နာ ဆာအသင်းနဲ့လည်း အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ရော်နယ်ဒိုကို ခေါ်ယူဖို့ကိစ္စကတော့ အဆင်မပြေနိုင်လို့ ကြိုးပမ်းခြင်းမရှိခဲ့တာလို့ သိရပါတယ်။