close

ပက်ဂွါဒီယိုလာ

close

May 9, 2022

“ချန်ပီယံဆုဖလားက ကျနော်တို့လက်ထဲမှာပါ” နည်းပြဂွါဒီယိုလာ ပြော

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ မိမိတို့လက်ထဲမှာပဲရှိတယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ မန်စီးတီး အသင်းဟာ လက်ကျန် ၃ ပွဲအလိုမှာ လီဗာပူးကို ၃ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီအခြေအနေကြောင့် ချန်ပီယံဆုဖလားက မိမိတို့လက်ထဲမှာပဲရှိပြီး ပွဲတိုင်း အနိုင်ကစားသွားဖို့ လိုအပ်တယ်လို့ နည်းပြ ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့တာပါ။

“၃ ပွဲအလိုမှာ နောက်ထပ် သုံးမှတ်ထပ်ပြီးရခဲ့တယ်။ ဒီပြိုင်ပွဲတခုပဲ ကစားရတော့မှာဖြစ်ပြီး ချန်ပီယံဆုဖလားက ကျနော်တို့လက်ထဲမှာပါ။ ကိုယ်ကစားရမယ့်ပွဲတိုင်း အနိုင်ကစားမယ်ဆိုရင် ချန်ပီယံဖြစ်ပါပြီ” လို့ နည်းပြဂွါဒီယိုလာက ပြောပါတယ်။

နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူရူဘင်ဒီယက်ဇ် ဒဏ်ရာရခဲ့ပြီး လက်ကျန် ၃ ပွဲစလုံးကို လွဲချော်မယ်လို့ နည်းပြ ဂွါဒီယိုလာ အတည်ပြုခဲ့ပါတယ်။ 

မန်စီးတီးမှာ  တခြားနောက်ခံလူ ဂျွန်စတုန်းစ်လည်း ဒဏ်ရာရနေပေမယ့် ကွင်းလယ်လူ ဖာနန်ဒင်ညိုက ဗဟိုခံစစ်မှာ ကစားနိုင်သလို ရိုဒရီဟာလည်း လိုအပ်မယ်ဆိုရင် ကစားနိုင်တာကြောင့် ပြဿနာတစုံတရာမရှိကြောင်း ဂွါဒီယိုလာက ပြောသွားပါတယ်။

21 mins Ago

August 8, 2021

ကွန်မြူနတီဒိုင်းပြိုင်ပွဲ၌ မန်စီးတီးအသင်း လက်စတာကို ရှုံးနိမ့်၊ ဂရေးလစ်ရှ်၏ ခြေစွမ်းအပေါ် နည်းပြ ကာကွယ်ပြော

လက်စတာနဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်မှာ ၂၅ မိနစ်လောက် လူစားဝင်ကစားသွားခဲ့တဲ့ ဂရေးလစ်ရှ်ရဲ့ ခြေစွမ်းအပေါ် နည်းပြ ဂွါဒီယိုလာက ကာကွယ်ပြောသွားပါတယ်။ 

မန်စီးတီးအသင်းဟာ လက်စတာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး စံချိန်တင် ပေါင်သန်း ၁၀၀ တန် ဂျက်ဂရေးလစ်ရှ်ကို လူစားဝင်ကစားစေခဲ့ပေမယ့်လည်း ၁ ဂိုး ဂိုးမရှိ ရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာပါ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဂရေးလစ်ရှ်က ၂၅ မိနစ်စာအတွက် ဝယ်ယူထားတာ မဟုတ်ဘဲ ၅ နှစ်၊ ၆ နှစ်လောက်အထိအတွက် ဝယ်ယူထားတာဖြစ်ပြီး မကြာခင် အကောင်းဆုံးခြေစွမ်းရရှိမှာဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

“ကျနော်တို့ သူ့ကို ကူညီပေးဖို့လိုပြီး သူ့ရဲ့စွမ်းဆောင်ရည်ကို ပြသခွင့်ပြုရမှာပါ။ သူ လာခဲ့တာ ၂၅ မိနစ်စာအတွက် မဟုတ်ပါဘူး။ ၅ နှစ်၊ ၆ နှစ်စာအတွက် ဖြစ်ပါတယ်။ သူ့ရဲ့ခြေစွမ်း ကောင်းမွန်ခဲ့ပါတယ်။ ပြိုင်ဘက်ခံစစ်တန်းကို နိုင်လိုစိတ်အပြည့်နဲ့ ထိုးဖောက်ဝင်ရောက်ပြီး သူ့ခြေထဲမှာ ဘောလုံးရှိတိုင်း ကစာသမား ၃ ယောက်က ဝိုင်းရံထားတာပါ။ တဆင့်ပြီးတဆင့်နဲ့ အကောင်းဆုံးခြေစွမ်းရလာပါလိမ့်မယ်” လို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

9 months Ago
Up