close

ပီအက်စ်ဂျီ

close

May 5, 2023

မက်ဆီ ဘာစီလိုနာဆီပြန်လာပါက လုပ်ခလျှော့ယူရမည်ဟု လာလီဂါဥက္ကဋ္ဌ ပြော

ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းဆီပြန်လာမယ်ဆိုရင် လုပ်ခလျှော့ယူရ လိမ့်မယ်လို့ လာလီဂါဥက္ကဋ္ဌ ဟာဘီယာတက်ဘက်စ်ကပြောပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီအကုန် မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ ဆက်ဆံရေး အဆင်မပြေမှုလည်းရှိနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဆော်ဒီနိုင်ငံကို မိသားစုနဲ့ အလည်အပတ်သွားရောက်ခဲ့ရာမှာ အသင်းရဲ့ခွင့်ပြု ချက်မယူခဲ့လို့ဆိုပြီး မက်ဆီကို နှစ်ပတ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ 

လာလီဂါဥက္ကဋ္ဌ တက်ဘက်စ် ကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းဆီ ပြန်လည်ပြောင်းရွှေ့မယ်ဆိုရင် လုပ်ခလစာလျှော့ယူ ရမှာဖြစ်ပြီး ကစားသမားတွေကိုလည်းရောင်းချရမှာဖြစ်ကြောင်း သုံးသပ်ခဲ့တာပါ။ 

“ ဘာကာ အနေနဲ့ မက်ဆီကို ခေါ်ယူမယ်ဆိုရင် သူ့ရဲ့လုပ်ခလစာက ပီအက်စ်ဂျီမှာရနေတာထက် လျော့နည်း သွားလိမ့်မယ်။ မက်ဆီပြန်လာမယ့်အခြေအနေက ကစားသမားတွေရောင်းချမှုမှာ မူတည်နေတယ်။ ဒီနှစ်နွေရာသီမှာ ကစားသမားတွေ ရောင်းချမှုကနေ ဘာစီလိုနာအတွက် ကောင်းမွန်တဲ့ ပမာဏတစ်ခုရရှိမယ်လို့ထင်တယ်”လို့ တက်ဘက်စ်က ပြောပါတယ်။

လက်တလောသတင်းတွေအရတော့ ရာဖင်ညာ၊ ခရစ္စတီယန်ဆန်၊ ဒီယောင်တို့ဟာ ဘာစီလိုနာအသင်းအဓိကရောင်းချမယ့် ကစားသမားတွေ  သိရပါတယ်။ 

6 mins Ago

နေမာကို ပရီးမီးယားလိဂ်ဆီကိုခေါ်ယူရန် နယူးကာဆယ်အသင်းပိုင်ရှင် ကြိုးပမ်း

နယူးကာဆယ်အသင်းပိုင်ရှင်တွေဟာ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့သိရပါတယ်။ 

အသင်းရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်တဲ့  PIF ခေါ် ဆော်ဒီပြည်သူ့ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖွဲ့က တာဝန်ရှိသူတွေဟာ နေမာကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်ဖို့ ဆန္ဒရှိနေပြီး ဝယ်ယူနိုင်မယ့် အခြေအနေတွေကို မေးမြန်းစုံစမ်းနေတယ်လို့ 90 mins သတင်းမှာဖော်ပြပါတယ်။ 

ကွင်းလယ်လူ ဂွီမာရေးစ်နဲ့ ဂျိုလင်တန်တို့ဟာလည်း ဘရာဇီးသား တွေဖြစ်တာကြောင့် နေမာကို ခေါ်ယူ နိုင်ရေးမှာ အထောက်အကူဖြစ်စေဖို့ နယူးကာဆယ်အသင်းကမျှော်လင့်နေပါတယ်။ အသက် ၃၁ နှစ်ရှိ နေမာဟာ ပီအက်စ်ဂျီကနေထွက်ခွာမယ်လို့ သတင်းထွက်နေသူဖြစ်ပြီး လမယ့်ရာသီမှာချန်ပီယံလိဂ်ပြိုင် ပွဲကစားရဖို့ရှိတဲ့ နယူးကာ ဆယ်အသင်းကခေါ်ယူလိုနေတာပါ။

ပိုင်ရှင်တွေဟာ ရော်နယ်ဒိုကစားနေတဲ့ အယ်လ်နာ ဆာအသင်းနဲ့လည်း အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ရော်နယ်ဒိုကို ခေါ်ယူဖို့ကိစ္စကတော့ အဆင်မပြေနိုင်လို့ ကြိုးပမ်းခြင်းမရှိခဲ့တာလို့ သိရပါတယ်။

11 mins Ago

May 4, 2023

ရာသီအကုန် စာချုပ်သက်တမ်းကုန်ဆုံးမည့် မက်ဆီ ပီအက်စ်ဂျီမှ ထွက်ခွာမည်

အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် မက်ဆီဟာ ပီအက်စ်ဂျီအသင်းကနေထွက် ခွာတော့မယ်လို့သိရပါတယ်။ 

မက်ဆီဟာ ကမ္ဘာ့ဖလားအပြီးကတည်းက အသင်းနဲ့ သက်တမ်းတိုးဖို့ ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းရဲ့ခွင့်ပြုချက်မရဘဲ ဆော်ဒီနိုင်ငံဆီ မိသားစုနဲ့ အလည်အပတ်သွား ရောက်ခဲ့ပြီးနောက် ပီအက်စ်ဂျီက နှစ်ပတ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒီအခြေအနေဟာ ပီအက်စ်ဂျီနဲ့ မက်ဆီတို့ရဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတာကို ဖော်ပြနေပြီး မက်ဆီအနေနဲ့ အသင်းကနေထွက်ခွါဖို့ သေချာသွားတယ်လို့  အပြောင်းအရွှေ့ကျွမ်းကျင်သူ ဂျာနယ်လစ် ဖာဘရီဇီရိုရိုမန်နိုက ဖော်ပြခဲ့ပါတယ်။

မက်ဆီအနေနဲ့ ဘယ်အသင်းဆီပြောင်းရွှေ့ ကစားမလဲဆိုတာ မသိရှိသေးပေမဲ့ အသင်းဟောင်း ဘာစီလိုနာအပြင် ဆော်ဒီကလပ် အယ်လ်ဟီလယ်ကလည်း မက်မောလောက်စရာလုပ်ခလစာနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့သိရပါတယ်။

1 day Ago
Up