close

ပြိုင်ဘက်

close

February 26, 2023

အခက်ခဲဆုံးပြိုင်ဘက်က တိုက်စစ်မှူး ဂျေဆုဖြစ်ဟု မန်ယူနောက်ခံလူ မာတီနက်ဇ်ပြော

ပရီးမီးယားလိဂ်မှာ အခက်ခဲဆုံးပြိုင်ဘက်က အာဆင်နယ်တိုက်စစ်မှူး ဂျေဆုဖြစ်တယ်လို့ မန်ယူ နောက်ခံလူ မာတီနက်ဇ်ကပြောပါတယ်။ 

အာဂျင်တီးနားနောက်ခံလူဟာ တိုက်စစ်မှူး ဂျေဆုနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲပဲ ယှဉ်ပြိုင်ခဲ့ဖူး သေးတာပါ။

အဲဒီပွဲစဉ်ဟာ မန်ယူအသင်းက အိမ်ကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ဂျေဆုက ဂိုးသွင်းနိုင်ခြင်းတော့ မရှိခဲ့ဘဲ ဆာကာက အာဆင်နယ်အတွက် ချေပဂိုးသွင်းခဲ့တာပါ။ 

ဒါပေမဲ့ပရီးမီးယားလိဂ်မှာ အခက်ခဲဆုံးပြိုင်ဘက်က အာဆင်နယ် တိုက်စစ်မှူး ဂျေဆုဖြစ်တယ် လို့ တယ်လီဂရပ်ဖ်သတင်းစာနဲ့ အင်တာဗျူးမှာ မာတီနက်ဇ်က ပြောခဲ့တာပါ။ 

မာတီနက်ဇ်ဟာ ဂိုး မရှိသရေကျခဲ့တဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ လူစားဝင်ကစားခဲ့ပြီး ဂျေဆုနဲ့ မိနစ်အနည်းငယ်ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။  

မန်ယူအသင်းက အာဆင်နယ်ကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မာတီနက်ဇ်က တစ်ဂိုးသွင်းခဲ့ပြီး ဂျေဆုကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ 

4 mins Ago

September 18, 2022

မန်စီးတီး၏ ရပ်တန့်လို့မရသည့်ခြေစွမ်းက ပြိုင်ဘက်များကို ခြိမ်းခြောက်နေဟု ဖာဒီနန်ပြော

မန်စီးတီးအသင်းရဲ့ ရပ်တန့်လို့မရတဲ့ခြေစွမ်းက ပြိုင်ဘက်အသင်းတွေကို ခြိမ်းခြောက်မှုရှိနေပြီလို့ နောက်ခံလူဟောင်း ဖာဒီနန်ကပြောပါတယ်။ 

မန်စီးတီးဟာ မနေ့ညက ဝုဗ်အသင်းနဲ့ ပွဲမှာ ၃ ဂိုးဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီး တစ်ပွဲလျော့ အာဆင်နယ်ကိုကျော်ပြီး အမှတ်ပေးဇယားကိုဦးဆောင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၇ ပွဲကစားအပြီးမှာ ၂၃ ဂိုးအထိသွင်းယူထားပြီး ၅ ပွဲနိုင် ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးတဲ့ စွမ်းဆောင်ရည်ဟာ ပြိုင်ဘက်တွေကို ခြိမ်းခြောက်နေသလို တစ်ကောင်တည်းပြေးတဲ့ မြင်းပြိုင်ပွဲလိုဖြစ်လာနိုင်ကြောင်း ဖာဒီနန်က သုံးသပ်ပါတယ်။

ဒီအခြေအနေဟာ အားလုံးအတွက် မကောင်းကြောင်း၊ စီးတီးကပိုကောင်းလာသလို၊ တိုက်စစ်မှူးဟာလန်းဟာလည်း တဆင့်မြှင့်တင်ပေးနိုင်သူဖြစ်ကြောင်း ဖာဒီနန်က သုံးသပ်ပါတယ်။ ဟာလန်းဟာ ပြိုင်ပွဲစုံမှာ ၁၄ ဂိုးသွင်းထားပြီး နောက်ဆုံး ၇ ပွဲဆက်တိုက်လည်း ဂိုးသွင်းထားပါတယ်။ 

5 months Ago
Up