မန်စီးတီး၏ ရပ်တန့်လို့မရသည့်ခြေစွမ်းက ပြိုင်ဘက်များကို ခြိမ်းခြောက်နေဟု ဖာဒီနန်ပြော

မန်စီးတီးအသင်းရဲ့ ရပ်တန့်လို့မရတဲ့ခြေစွမ်းက ပြိုင်ဘက်အသင်းတွေကို ခြိမ်းခြောက်မှုရှိနေပြီလို့ နောက်ခံလူဟောင်း ဖာဒီနန်ကပြောပါတယ်။
မန်စီးတီးဟာ မနေ့ညက ဝုဗ်အသင်းနဲ့ ပွဲမှာ ၃ ဂိုးဂိုး မရှိနဲ့ အနိုင်ရခဲ့ပြီး တစ်ပွဲလျော့ အာဆင်နယ်ကိုကျော်ပြီး အမှတ်ပေးဇယားကိုဦးဆောင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၇ ပွဲကစားအပြီးမှာ ၂၃ ဂိုးအထိသွင်းယူထားပြီး ၅ ပွဲနိုင် ၂ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးတဲ့ စွမ်းဆောင်ရည်ဟာ ပြိုင်ဘက်တွေကို ခြိမ်းခြောက်နေသလို တစ်ကောင်တည်းပြေးတဲ့ မြင်းပြိုင်ပွဲလိုဖြစ်လာနိုင်ကြောင်း ဖာဒီနန်က သုံးသပ်ပါတယ်။
ဒီအခြေအနေဟာ အားလုံးအတွက် မကောင်းကြောင်း၊ စီးတီးကပိုကောင်းလာသလို၊ တိုက်စစ်မှူးဟာလန်းဟာလည်း တဆင့်မြှင့်တင်ပေးနိုင်သူဖြစ်ကြောင်း ဖာဒီနန်က သုံးသပ်ပါတယ်။ ဟာလန်းဟာ ပြိုင်ပွဲစုံမှာ ၁၄ ဂိုးသွင်းထားပြီး နောက်ဆုံး ၇ ပွဲဆက်တိုက်လည်း ဂိုးသွင်းထားပါတယ်။