close

ပြဿနာ

close

November 13, 2022

အမေရိကန်နှင်အာဆီယံကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ပြဿနာများကို ဖြေရှင်းနိုင် မည်ဟု ဘိုင်ဒင် ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ အကြီးမားဆုံး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ နို၀င်ဘာ ၁၂ ရက်က ပြောလိုက်ပါတယ်။

"ဒီနေ့ ကျနော်တို့ဟာ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတရပ်ကိုလှမ်းပြီး အမေရိကန် အာဆီယံဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို စတင်ခြင်းအားဖြင့်  ပူးပေါင်းဆောင်ရွက်မှုခေတ်သစ်ကို စတင်ခဲ့ပါတယ်။ ရာသီဥတု ဖောက်ပြန်ခြင်းမှသည် ကျန်းမာရေးလုံခြုံရေးအထိ၊ စည်းမျဥ်းအခြေခံတဲ့ အမိန့်အပေါ် သိသာထင်ရှားတဲ့ ခြိမ်းခြောက် မှုတွေ စည်းကမ်းအခြေခံတဲ့ အမိန့်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့  တရားဥပဒေစိုးမိုးရေးအပေါ် ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့၊ အပါအဝင် ကျနော်တို့ ခေတ်ရဲ့ အကြီးမားဆုံး ပြဿနာတွေကို အတူကိုင်တွယ်ဖြေရှင်း သွားမယ်” လို့ ဘိုင်ဒန်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးမှာ ဘိုင်ဒန်က ဒီသဘောတူညီချက်အတွက် လွတ်လပ်ပွင့်လင်းတဲ့၊ တည်ငြိမ်သာယာဝပြောပြီး ခံနိုင်ရည်ရှိတဲ့ လုံခြုံဘေးကင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ပြောပါတယ်။ 

7 mins Ago

October 24, 2022

မန်ယူနှင့် ရော်နယ်ဒိုတို့အကြားပြဿနာ ထုတ်ဖော်ပြောလိုခြင်းမရှိဟု ဖာနန်ဒက်စ်ပြော

စီရော်နယ်ဒိုနဲ့ မန်ယူအသင်းတို့ကြားက ပြဿနာဟာ နောက်ကွယ်မှာပဲ ဖြေရှင်းရမှာဖြစ်ပြီး တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုလိုခြင်းမရှိကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။ 

ရော်နယ်ဒိုဟာ  စပါးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့သလို ပွဲအပြီးဆုံးခင် ကွင်းထဲကနေလည်း ထွက်ခွာခဲ့တာပါ။ 

အဲဒီလိုအပြုအမှုကြောင့် နည်းပြတန်ဟတ်ဂ်က ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုကို ချန်လှပ်ပြီး အပြစ်ပေးခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ပေါ်တူဂီအသင်းဖော်ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ အရေးကိစ္စဟာ အသင်းတွင်းမှာပဲ ဖြေရှင်းရမှာဖြစ်ပြီး အရေးကြီးဆုံးကိစ္စက စီရော်နယ်ဒို အပါအဝင် အသင်းသားအားလုံးက အနိုင်ရလဒ် ရယူချင်ကြတာဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။ 

မန်ယူအသင်းဟာ အောက်တိုဘာ ၂၈ မနက်ပိုင်းမှာ ရှရစ်နဲ့ ယူရိုပါလိဂ်ကစားရမှာဖြစ်ပြီး စီရော်နယ်ဒိုကို အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ ရှိပါတယ်။

3 weeks Ago
Up