အမေရိကန်နှင်အာဆီယံကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ပြဿနာများကို ဖြေရှင်းနိုင် မည်ဟု ဘိုင်ဒင် ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟာ အကြီးမားဆုံး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်လို့ နို၀င်ဘာ ၁၂ ရက်က ပြောလိုက်ပါတယ်။
"ဒီနေ့ ကျနော်တို့ဟာ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတရပ်ကိုလှမ်းပြီး အမေရိကန် အာဆီယံဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို စတင်ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုခေတ်သစ်ကို စတင်ခဲ့ပါတယ်။ ရာသီဥတု ဖောက်ပြန်ခြင်းမှသည် ကျန်းမာရေးလုံခြုံရေးအထိ၊ စည်းမျဥ်းအခြေခံတဲ့ အမိန့်အပေါ် သိသာထင်ရှားတဲ့ ခြိမ်းခြောက် မှုတွေ စည်းကမ်းအခြေခံတဲ့ အမိန့်တွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေးအပေါ် ခြိမ်းခြောက်မှုတွေကနေ ကာကွယ်ဖို့၊ အပါအဝင် ကျနော်တို့ ခေတ်ရဲ့ အကြီးမားဆုံး ပြဿနာတွေကို အတူကိုင်တွယ်ဖြေရှင်း သွားမယ်” လို့ ဘိုင်ဒန်က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အမေရိကန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးမှာ ဘိုင်ဒန်က ဒီသဘောတူညီချက်အတွက် လွတ်လပ်ပွင့်လင်းတဲ့၊ တည်ငြိမ်သာယာဝပြောပြီး ခံနိုင်ရည်ရှိတဲ့ လုံခြုံဘေးကင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း ပြောပါတယ်။