မန်ယူနှင့် ရော်နယ်ဒိုတို့အကြားပြဿနာ ထုတ်ဖော်ပြောလိုခြင်းမရှိဟု ဖာနန်ဒက်စ်ပြော

စီရော်နယ်ဒိုနဲ့ မန်ယူအသင်းတို့ကြားက ပြဿနာဟာ နောက်ကွယ်မှာပဲ ဖြေရှင်းရမှာဖြစ်ပြီး တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုလိုခြင်းမရှိကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။
ရော်နယ်ဒိုဟာ စပါးကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့သလို ပွဲအပြီးဆုံးခင် ကွင်းထဲကနေလည်း ထွက်ခွာခဲ့တာပါ။
အဲဒီလိုအပြုအမှုကြောင့် နည်းပြတန်ဟတ်ဂ်က ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရော်နယ်ဒိုကို ချန်လှပ်ပြီး အပြစ်ပေးခဲ့ပါတယ်။
ဖာနန်ဒက်စ်ကတော့ ပေါ်တူဂီအသင်းဖော်ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ အရေးကိစ္စဟာ အသင်းတွင်းမှာပဲ ဖြေရှင်းရမှာဖြစ်ပြီး အရေးကြီးဆုံးကိစ္စက စီရော်နယ်ဒို အပါအဝင် အသင်းသားအားလုံးက အနိုင်ရလဒ် ရယူချင်ကြတာဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။
မန်ယူအသင်းဟာ အောက်တိုဘာ ၂၈ မနက်ပိုင်းမှာ ရှရစ်နဲ့ ယူရိုပါလိဂ်ကစားရမှာဖြစ်ပြီး စီရော်နယ်ဒိုကို အသင်းလူစာရင်းမှာ ပြန်လည်ထည့်သွင်းဖို့ ရှိပါတယ်။