close

ဖရန့်ကီဒီယောင်

close

August 23, 2022

ဖရန့်ကီဒီယောင်အတွက် မန်ယူအသင်း နောက်ဆုံးအကြိမ် ကမ်းလှမ်းမည်

မန်ယူအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်ကိုခေါ်ယူနိုင်ရေးအတွက် နောက်ဆုံးအကြိမ်ကမ်းလှမ်းသွားဖို့ရှိပါတယ်။

ကွင်းလယ်နေရာအတွက် ကတ်စမဲရိုးကို ခေါ်ယူထားပေမဲ့ ဖရန့်ကီဒီယောင်ကို ခေါ်ယူဖို့အစီအစဉ်ကို ရုပ်သိမ်းသွားမှာမဟုတ်ဘဲ နောက်ဆုံးအကြိမ်ကမ်းလှမ်းဖို့ စီစဉ်ထားတာပါ။

မန်ယူအသင်းတာဝန်ရှိသူတွေဟာ တစ်ပတ်အတွင်းမှာပဲ ဘာစီလိုနာ အသင်းဆီ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး နောက်ဆုံးအကြိမ် ကမ်းလှမ်းသွားမှာဖြစ်ကြောင်း ကတ်တလန်အခြေစိုက် သတင်းဌာန Sport ကဖော်ပြပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေပြေလည်ဖို့အတွက် ဒီယောင်ကို ရောင်းချသွားလိုပြီး ကစားသမားဖြစ်သူနဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးသွားဖို့ရှိပါတယ်။

6 mins Ago

August 2, 2022

မန်ယူပစ်မှတ် ဖရန့်ကီဒီယောင်ကို ကြားဖြတ်ခေါ်ယူရန် ချဲလ်ဆီးအသင်း ကြိုးပမ်း

ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမား ဖရန့်ကီဒီယောင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားပြီး ဘာစီလိုနာဘက်ကတော့ အဆင်ပြေတဲ့အသင်းဆီကို ရောင်းချလိုနေပါတယ်။

ဘာစီလိုနာဟာ ဒီယောင်အတွက် ပေါင် ၇၁ သန်း စျေးနှုန်းသတ်မှတ်ထားပြီး ချဲလ်ဆီးအသင်းက ပေးချေဖို့ အသင့်ရှိနေတယ်လို့ စပိန်သတင်းစာ ဒီယာရီယိုစပေါ့က ဖော်ပြပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တေးနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီယောင်နဲ့ ချဲလ်ဆီးအပြောင်းအရွှေ့မှာ ဘာစီလိုနာက ခေါ်ယူလိုနေတဲ့ အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ရဲ့ အပြောင်းအရွှေ့နဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။

3 weeks Ago
Up