မန်ယူပစ်မှတ် ဖရန့်ကီဒီယောင်ကို ကြားဖြတ်ခေါ်ယူရန် ချဲလ်ဆီးအသင်း ကြိုးပမ်း

9
ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမား ဖရန့်ကီဒီယောင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟာ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားပြီး ဘာစီလိုနာဘက်ကတော့ အဆင်ပြေတဲ့အသင်းဆီကို ရောင်းချလိုနေပါတယ်။
ဘာစီလိုနာဟာ ဒီယောင်အတွက် ပေါင် ၇၁ သန်း စျေးနှုန်းသတ်မှတ်ထားပြီး ချဲလ်ဆီးအသင်းက ပေးချေဖို့ အသင့်ရှိနေတယ်လို့ စပိန်သတင်းစာ ဒီယာရီယိုစပေါ့က ဖော်ပြပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီဟာလည်း ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဘာစီလိုနာဥက္ကဋ္ဌ လာပေါ်တေးနဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီယောင်နဲ့ ချဲလ်ဆီးအပြောင်းအရွှေ့မှာ ဘာစီလိုနာက ခေါ်ယူလိုနေတဲ့ အလွန်ဆိုနဲ့ အက်ဇ်ပီလီကွယ်တာတို့ရဲ့ အပြောင်းအရွှေ့နဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။