ပရီးမီးယားလိဂ်မှာ ငွေကို ရေလိုသုံးနေကြတဲ့ အသင်းတွေကြောင့် တခြားအသင်းတွေ အခက်တွေ့ရကြောင်း ခရစ္စတယ်ပဲလေ့နည်းပြ ဗီအဲယာက ပြောပါတယ်။
ပရီးမီးယားလိဂ် အသင်းကြီးတွေဟာ ကစားသမားတွေကို ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် ပိုပေးနေကြတာကြောင့် တခြားအသင်းငယ်တွေအတွက်တော့ ကစားသမားကောင်းတွေ ဝယ်ယူနိုင်ဖို့ ပိုမိုခက်ခဲသွားရကြောင်း နည်းပြဗီအဲယာက ဝေဖန်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ရှက်တာဒိုးနက်အသင်းက ယူကရိန်းလက်ရွေးစင် မူဒရစ်ခ်ကို ပေါင် ၈၈ သန်းအထိပေးပြီး ခေါ်ယူခဲ့ပြီးနောက် အခုနှစ်ရာသီမှာ ငွေကြေးသုံးစွဲမှု ပေါင်သန်း ၄၀၀ ကျော်လွန်သွားခဲ့တာပါ။
အလားတူ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော် အသုံးပြုခဲ့တဲ့ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမှာပါ။
ငွေကြေးချမ်းသာတဲ့အသင်းတွေက တခြားနိုင်ငံက ကစားသမားကောင်းတွေကို ငွေကြေးများစွာပေးပြီး ခေါ်ယူနိုင်ပေမဲ့ အသင်းငယ်တွေအတွက်တော့ အဲဒီလိုသုံးစွဲနိုင်တဲ့ အခွင့်အရေး မရှိကြောင်း ဗီအဲယာက ပြောပါတယ်။
ခရစ္စတယ်ပဲလေ့အသင်းအနေနဲ့ မာ့ခ်ဂူယီ၊ အိုလစ်ဆီနဲ့ ဒူကိုရေးတို့လို ကစားသမားတွေကိုသာ ခေါ်ယူနိုင်ပြီး တခြားအသင်းတွေနဲ့ တန်းတူရည်တူ ငွေကြေးမသုံးစွဲနိုင်ကြောင်း ဗီအဲယာက ဆက်ပြီး ပြောသွားပါတယ်။
ပရီးမီးယားလိဂ်ကလွယ်ကူတဲ့ပြိုင်ပွဲမဟုတ်ကြောင်း အာဆင်နယ်ကွင်းလယ်လူသစ် ဖေဘီယိုဗီအဲယာက ပြောကြားလိုက်ပါတယ်။
အသက် ၂၂ နှစ်ရှိပေါ်တူဂီ ယူ ၂၁ အသင်းခေါင်းဆောင်ဟာ အာဆင်နယ်အသင်းကို ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
ပေါ်တိုအသင်းဘက်ကလည်း တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ ပရီးမီးယားလိဂ်နဲ့ ပတ်သက်ပြီး ဗီအဲယာက သုံးသပ်မှုတစ်ခု ပြုလုပ်ခဲ့တာပါ။
“ပရီးမီးယားလိဂ်မှာကစားရမှာက လွယ်ကူမှာတော့မဟုတ်ဘူး။ ကျနော့်ဘက်က ကြိုးစားမှု တွေနဲ့ပဲရှေ့ဆက်သွားမယ်လို့ ကတိပြုပါတယ်။ အပြောင်းအရွှေ့ကိစ္စက ကလပ်အသင်း နှစ်သင်းနဲ့ အတူ ကျနော့်အေးဂျင့်ကလုပ်ဆောင်ပေးပြီးပါပြီ။ နှစ်သင်းစလုံးအတွက်အရေးပါတာကြောင့် စာချုပ်ကိစ္စကိုလည်း ကျနော်လက်ခံခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ တီဗီကနေ အမြဲလိုလိုကြည်ရူဖြစ် ပါတယ်” ဖာဘီယိုဗီအဲယာက ပြောပါတယ်။
ဗီအဲယာဟာ ကွင်းလယ်ညာခြမ်းနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာကစားနိုင်သူပါ။ ပြီးခဲ့တဲ့ရာသီက ပေါ်တိုအသင်းနဲ့အတူ ၂၇ ပွဲမှာ ၆ ဂိုးသွင်းပြီး ၁၄ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။