close

ငွေကိုရေလိုသုံးသည့် အသင်းများကြောင့် တခြားအသင်းများ အခက်တွေ့ရဟု ဗီအဲယာ ဝေဖန်

ပရီးမီးယားလိဂ်မှာ ငွေကို ရေလိုသုံးနေကြတဲ့ အသင်းတွေကြောင့် တခြားအသင်းတွေ အခက်တွေ့ရကြောင်း ခရစ္စတယ်ပဲလေ့နည်းပြ ဗီအဲယာက ပြောပါတယ်။

ပရီးမီးယားလိဂ် အသင်းကြီးတွေဟာ ကစားသမားတွေကို ရှိသင့်ရှိထိုက်တဲ့ ဈေးနှုန်းထက် ပိုပေးနေကြတာကြောင့် တခြားအသင်းငယ်တွေအတွက်တော့ ကစားသမားကောင်းတွေ ဝယ်ယူနိုင်ဖို့ ပိုမိုခက်ခဲသွားရကြောင်း နည်းပြဗီအဲယာက ဝေဖန်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ရှက်တာဒိုးနက်အသင်းက ယူကရိန်းလက်ရွေးစင် မူဒရစ်ခ်ကို ပေါင် ၈၈ သန်းအထိပေးပြီး ခေါ်ယူခဲ့ပြီးနောက် အခုနှစ်ရာသီမှာ ငွေကြေးသုံးစွဲမှု ပေါင်သန်း ၄၀၀ ကျော်လွန်သွားခဲ့တာပါ။

အလားတူ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော် အသုံးပြုခဲ့တဲ့ မန်ယူအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

ငွေကြေးချမ်းသာတဲ့အသင်းတွေက တခြားနိုင်ငံက ကစားသမားကောင်းတွေကို ငွေကြေးများစွာပေးပြီး ခေါ်ယူနိုင်ပေမဲ့ အသင်းငယ်တွေအတွက်တော့ အဲဒီလိုသုံးစွဲနိုင်တဲ့ အခွင့်အရေး မရှိကြောင်း ဗီအဲယာက ပြောပါတယ်။

ခရစ္စတယ်ပဲလေ့အသင်းအနေနဲ့ မာ့ခ်ဂူယီ၊ အိုလစ်ဆီနဲ့ ဒူကိုရေးတို့လို ကစားသမားတွေကိုသာ ခေါ်ယူနိုင်ပြီး တခြားအသင်းတွေနဲ့ တန်းတူရည်တူ ငွေကြေးမသုံးစွဲနိုင်ကြောင်း ဗီအဲယာက ဆက်ပြီး ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up