close

ဘိုင်ဒန်

close

December 4, 2022

တော်ဝင်မင်းသား ဝီလျံကို ဘိုင်ဒန်ကြိုဆို

အမေရိကန်နိုင်ငံဆီ ခရီးထွက်လာတဲ့  ဗြိတိန်တော်ဝင်မင်းသား ဝီလျံကို သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂ ရက်မှာ  ကြိုဆိုခဲ့ပါတယ်။

ဗြိတိန်တော်ဝင်မင်းသား ဝီလျံဟာ သမ္မတဘိုင်ဒင်နဲ့တွေ့ဆုံမှုအပြင် တော်ဝင်ခရီးစဉ်ကို အကျယ်တဝင့် သိပ်မလုပ်ခဲ့ဘဲ ဘော့စတွန်ရှိ ဒေသတွင်းပတ်ဝန်းကျင်၊ ပညာရေးနဲ့ ရပ်ရွာပရောဂျက်တွေကို သွားရောက် လေ့လာဖို့ရှိနေပါတယ်။

ဝေလမင်းသမီး ကက်သရင်းဟာ ဟားဗတ်တက္ကသိုလ်ရှိ ဖွံ့ဖြိုးဆဲကလေးငယ်ဆိုင်ရာ စင်တာကို သွားရောက်ခဲ့ပြီး သိပ္ပံပညာက ကလေးတွေကို သူတို့ရဲ့ အမြင့်ဆုံး အလားအလာကို ရောက်အောင် ဘယ်လိုကူညီပေးနိုင်မယ် ဆိုတာတွေကို သုတေသီတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။ 

Netflix တီဗီရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ အမှတ်တရ ထုတ်ဖော်ရေး အစီအစဉ်အတွက် ဝီလျံမင်းသားရဲ့ ညီတော် လော့စ်အိန်ဂျလိစ်အခြေစိုက် ဟယ်ရီနဲ့ သူ့ရဲ့အမေရိကန် ဇနီး မက်ဂန် တို့ကို ဂုဏ်ထူးဆောင်ဆုပေးပွဲ အခမ်းအနား မတိုင်ခင်မှာ ရောက်ရှိလာတဲ့ ဒီတော်ဝင်ခရီးစဉ်ကို လူတွေ ပိုပြီးအာရုံစိုက်ခံနေရတာ ဖြစ်ပါတယ်။ 

ဟယ်ရီနဲ့  မက်ဂန်တို့ရဲ့ နောက်ထပ် ထွက်ရှိမယ့် မှတ်တမ်းစီးရီးစ်ကို ဒီဇင်ဘာ ၈ ရက်မှာ ပြသမယ်လို့ ကြေညာထားပါတယ်။ 

3 months Ago

October 15, 2022

နိုင်ငံသားများအပေါ် အကြမ်းဖမ်မှုအဆုံးသတ်ရန် အီရန်ခေါင်းဆောင်များကို ဘိုင်ဒန်တောင်းဆို

နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုအား အဆုံးသတ်ဖို့ အီရန်ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၁၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

“ကျွန်ုပ်တို့ဟာ အီရန်နိုင်ငံသားတွေ၊ ရဲရင့်တဲ့ အမျိုးသမီးတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာ သိစေချင်ပါတယ်” လို့ ဘိုင်ဒန်က ပြောပါတယ်။ 

အမျိုးသမီးတွေဟာ ဘုရားသခင်ရဲ့အမည်နာမအောက်မှာ သူတို့ဝတ်ချင်ရာကို ဝတ်နိုင်တယ်လို့ ကယ်လီဖိုးနီးယားက အာဗင်းန်ဗယ်လီ ကွန်မြူနတီကောလိပ်မှာ မိန့်ခွန်းပြောကြားချိန်မှာ ပြောသွားတာပါ။ 

အီရန်ဟာ သူတို့အခွင့်အရေးတွေကို သာမန် ကျင့်သုံးရုံမျှနဲ့ သူ့နိုင်ငံသားများအပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ရမှာဖြစ်ကြောင်းလည်း ဘိုင်ဒန်က ပြောပါတယ်။ 

သူနိုင်ငံခြားရေးပေါ်လစီကိုလုပ်နေတဲ့ ကာလရှည်ကြီးမှာ မာဆာ အာမီနီရဲ့ သေဆုံးမှုကနေ အီရန်နိုင်ငံမှာ နိုးကြားလာတာကို တွေ့မြင်ရလို့ အလွန်ပဲ အံ့အားသင့်မိတယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်က အီရန်ရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေရဲ့ထိန်းသိမ်းခံထားရချိန်အတွင်း အသက် ၂၂ နှစ်အရွယ် Mahsa Amini သေဆုံးမှုကနေ ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေဟာ ၁၉၇၉ ခုနှစ် တော်လှန်ရေး နောက်ပိုင်း ဘာသာရေးဆရာတွေရဲ့ အုပ်ချုပ်မှုကို အထင်ရှားဆုံး စိန်ခေါ်မှုတွေထဲက တခုအဖြစ်  ပြောင်းလဲသွားပါတယ်။ 

ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ ဆယ်ကျော်သက်မိန်းကလေးတွေ အပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ကလေးငယ် ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။

5 months Ago
Up