တော်ဝင်မင်းသား ဝီလျံကို ဘိုင်ဒန်ကြိုဆို

အမေရိကန်နိုင်ငံဆီ ခရီးထွက်လာတဲ့ ဗြိတိန်တော်ဝင်မင်းသား ဝီလျံကို သမ္မတ ဂျိုးဘိုင်ဒင်က ဒီဇင်ဘာ ၂ ရက်မှာ ကြိုဆိုခဲ့ပါတယ်။
ဗြိတိန်တော်ဝင်မင်းသား ဝီလျံဟာ သမ္မတဘိုင်ဒင်နဲ့တွေ့ဆုံမှုအပြင် တော်ဝင်ခရီးစဉ်ကို အကျယ်တဝင့် သိပ်မလုပ်ခဲ့ဘဲ ဘော့စတွန်ရှိ ဒေသတွင်းပတ်ဝန်းကျင်၊ ပညာရေးနဲ့ ရပ်ရွာပရောဂျက်တွေကို သွားရောက် လေ့လာဖို့ရှိနေပါတယ်။
ဝေလမင်းသမီး ကက်သရင်းဟာ ဟားဗတ်တက္ကသိုလ်ရှိ ဖွံ့ဖြိုးဆဲကလေးငယ်ဆိုင်ရာ စင်တာကို သွားရောက်ခဲ့ပြီး သိပ္ပံပညာက ကလေးတွေကို သူတို့ရဲ့ အမြင့်ဆုံး အလားအလာကို ရောက်အောင် ဘယ်လိုကူညီပေးနိုင်မယ် ဆိုတာတွေကို သုတေသီတွေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။
Netflix တီဗီရဲ့ မှတ်တမ်းရုပ်ရှင်နဲ့ အမှတ်တရ ထုတ်ဖော်ရေး အစီအစဉ်အတွက် ဝီလျံမင်းသားရဲ့ ညီတော် လော့စ်အိန်ဂျလိစ်အခြေစိုက် ဟယ်ရီနဲ့ သူ့ရဲ့အမေရိကန် ဇနီး မက်ဂန် တို့ကို ဂုဏ်ထူးဆောင်ဆုပေးပွဲ အခမ်းအနား မတိုင်ခင်မှာ ရောက်ရှိလာတဲ့ ဒီတော်ဝင်ခရီးစဉ်ကို လူတွေ ပိုပြီးအာရုံစိုက်ခံနေရတာ ဖြစ်ပါတယ်။
ဟယ်ရီနဲ့ မက်ဂန်တို့ရဲ့ နောက်ထပ် ထွက်ရှိမယ့် မှတ်တမ်းစီးရီးစ်ကို ဒီဇင်ဘာ ၈ ရက်မှာ ပြသမယ်လို့ ကြေညာထားပါတယ်။