နိုင်ငံသားများအပေါ် အကြမ်းဖမ်မှုအဆုံးသတ်ရန် အီရန်ခေါင်းဆောင်များကို ဘိုင်ဒန်တောင်းဆို

နိုင်ငံသားတွေအပေါ် အကြမ်းဖက်မှုအား အဆုံးသတ်ဖို့ အီရန်ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အောက်တိုဘာ ၁၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
“ကျွန်ုပ်တို့ဟာ အီရန်နိုင်ငံသားတွေ၊ ရဲရင့်တဲ့ အမျိုးသမီးတွေနဲ့အတူ ရပ်တည်နေတယ်ဆိုတာ သိစေချင်ပါတယ်” လို့ ဘိုင်ဒန်က ပြောပါတယ်။
အမျိုးသမီးတွေဟာ ဘုရားသခင်ရဲ့အမည်နာမအောက်မှာ သူတို့ဝတ်ချင်ရာကို ဝတ်နိုင်တယ်လို့ ကယ်လီဖိုးနီးယားက အာဗင်းန်ဗယ်လီ ကွန်မြူနတီကောလိပ်မှာ မိန့်ခွန်းပြောကြားချိန်မှာ ပြောသွားတာပါ။
အီရန်ဟာ သူတို့အခွင့်အရေးတွေကို သာမန် ကျင့်သုံးရုံမျှနဲ့ သူ့နိုင်ငံသားများအပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ရမှာဖြစ်ကြောင်းလည်း ဘိုင်ဒန်က ပြောပါတယ်။
သူနိုင်ငံခြားရေးပေါ်လစီကိုလုပ်နေတဲ့ ကာလရှည်ကြီးမှာ မာဆာ အာမီနီရဲ့ သေဆုံးမှုကနေ အီရန်နိုင်ငံမှာ နိုးကြားလာတာကို တွေ့မြင်ရလို့ အလွန်ပဲ အံ့အားသင့်မိတယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်က အီရန်ရဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေရဲ့ထိန်းသိမ်းခံထားရချိန်အတွင်း အသက် ၂၂ နှစ်အရွယ် Mahsa Amini သေဆုံးမှုကနေ ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေဟာ ၁၉၇၉ ခုနှစ် တော်လှန်ရေး နောက်ပိုင်း ဘာသာရေးဆရာတွေရဲ့ အုပ်ချုပ်မှုကို အထင်ရှားဆုံး စိန်ခေါ်မှုတွေထဲက တခုအဖြစ် ပြောင်းလဲသွားပါတယ်။
ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ ဆယ်ကျော်သက်မိန်းကလေးတွေ အပါအဝင် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ ကလေးငယ် ၂၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။