ဘာစီလိုနာအသင်းဟာ ရာသီအကုန်မှာ အသင်းခေါင်းဆောင် ဘူးစကွက်စ်နဲ့ လမ်းခွဲမယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိ ကွင်းလယ်လူဟာ ဘာစီလိုနာမှာ ၁၅ နှစ် ကြာ ဖြတ်သန်းနေသူဖြစ်ပြီး မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာတို့နဲ့အတူ ဆုဖလားပေါင်းများစွာရယူပေး နိုင်ခဲ့သူပါ။
ရာသီအကုန်မှာ စာချုပ်သက်တမ်းလည်း ကုန်ဆုံးသွားမှာဖြစ်ပြီး ဘာစီလိုနာဘက်က ဆက်ပြီး သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူဟာ ၂၀၀၈ ခုနှစ်ကစတင်ပြီး လက်ရှိအချိန်အထိ ဘာစီလိုနာအတွက် ပွဲပေါင်း ၇၀၀ ကျော်ပါဝင်ကစားခဲ့ပါတယ်။
ဘူးစကွက်စ်အနေနဲ့ အနားယူဖို့ အစီအစဉ်မရှိသေးဘဲ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ ပြောင်းရွှေ့မယ်လို့သိရပါတယ်။
အယ်လ်ဟီလာအသင်းဟာ မက်ဆီကိုလည်း မက်မောလောက်တဲ့လုပ်ခနဲ့ ကမ်းလှမ်းထားလို့ ဆော်ဒီလိဂ်မှာ မက်ဆီနဲ့ ဘူးစကွက်စ်တို့ပြန်လည်းတွဲဖက်ကစားခွင့်ရဖို့ရှိပါတယ်။
စပိန်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိ ဘာစီလိုနာကွင်းလယ်လူဟာ စပိန်းအသင်းမှာ ၁၅ နှစ်ကျော် ကြာကစားခဲ့သူပါ။ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရို၂၀၁၂ ချန်ပီယံဆုဖလားတွေရယူနိုင်ခဲ့ပြီး စပိန်အသင်းအတွက်ပွဲပေါင်း ၁၄၃ ပွဲ ကစားပေးခဲ့ပါတယ်။
နိုင်ငံအသင်းနဲ့အတူ ၁၅ နှစ်နီးပါးအချိန်အတွင်း ၁၄၃ ပွဲကစားခဲ့ပြီးနောက် လက်ရှိအချိန်မှာ နှုတ်ဆက်လမ်းခွဲဖို့ အချိန်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဘူးစ်ကွက်စ်က ပြောပါတယ်။
စပိန်အသင်းကိုအောင်မြင်မှုတွေရယူပေးခဲ့ပြီး စပိန်အသင်းအတွက် ကိုယ်စားပြုကစားခဲ့ရတာက ဂုဏ်ယူစရာကောင်းခဲ့တယ်လို့လည်းပြောပါတယ်။ ဘူးစကွက်စ်ဟာ ဘာစီလိုနာမှာလည်း ၁၄ နှစ်ကြာကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူဖို့တော့ မရှိသေးဘူးလို့ သိရပါတယ်။