စပိန်ကွင်းလယ်လူ ဘူးစကွက်စ် လက်ရွေးစင်အသင်းမှ အနားယူကြောင်း ကြေညာ

စပိန်ကွင်းလယ်လူ ဘူးစကွက်စ်ဟာ နိုင်ငံ့လက်ရွေးစင်အသင်းကနေ အနားယူကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိ ဘာစီလိုနာကွင်းလယ်လူဟာ စပိန်းအသင်းမှာ ၁၅ နှစ်ကျော် ကြာကစားခဲ့သူပါ။ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ယူရို၂၀၁၂ ချန်ပီယံဆုဖလားတွေရယူနိုင်ခဲ့ပြီး စပိန်အသင်းအတွက်ပွဲပေါင်း ၁၄၃ ပွဲ ကစားပေးခဲ့ပါတယ်။
နိုင်ငံအသင်းနဲ့အတူ ၁၅ နှစ်နီးပါးအချိန်အတွင်း ၁၄၃ ပွဲကစားခဲ့ပြီးနောက် လက်ရှိအချိန်မှာ နှုတ်ဆက်လမ်းခွဲဖို့ အချိန်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဘူးစ်ကွက်စ်က ပြောပါတယ်။
စပိန်အသင်းကိုအောင်မြင်မှုတွေရယူပေးခဲ့ပြီး စပိန်အသင်းအတွက် ကိုယ်စားပြုကစားခဲ့ရတာက ဂုဏ်ယူစရာကောင်းခဲ့တယ်လို့လည်းပြောပါတယ်။ ဘူးစကွက်စ်ဟာ ဘာစီလိုနာမှာလည်း ၁၄ နှစ်ကြာကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူဖို့တော့ မရှိသေးဘူးလို့ သိရပါတယ်။