ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရန် မကာအိုတွင် ကာစီနိုရုံများပိတ်

ကမ္ဘာ့အကြီးဆုံး လောင်းကစားစင်တာဖြစ်တဲ့ မကာအိုကျွန်းမှာ အဆိုးရွားဆုံးသော ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ဖို့ ဇူလိုင် ၁၁ ရက်မှာ ကာစီနို လောင်းကစားရုံ အားလုံးကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ရပါတယ်။
လောင်းကစားရုံတွေ ယာယီပိတ်သိမ်းမှုကို အသိပေးတဲ့အနေနဲ့ လောင်းကစားရုံတွေရဲ့ အပြင်ဘက်မှာ ဆိုင်းဘုတ်တွေချိတ်ထားကာ မြို့ထဲက ကာစီနိုလောင်းကစားရုံပေါင်း ၃၀ နဲ့ တခြားစီးပွားရေး လုပ်ငန်းတွေကိုလည်း သီတင်းပတ် တပတ်ကြာပိတ်ထားမှာပါ။
မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် ခရီးတိုခရီးစဉ်တွေကို ခွင့်ပြုထားပေမယ့် လူတွေ အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။
ရဲတပ်ဖွဲ့က လူတွေအသွားအလာကို စောင့်ကြည့်မှာဖြစ်ပြီး မနာခံသူတွေကို ပြစ်ဒဏ်တွေ အပြင်းအထန် ချမှတ်မယ်လို့ အစိုးရက ပြောခဲ့ပါတယ်။
မကာအိုမှာ ဇွန်လလယ်ကတည်းက လူပေါင်း ၁,၅၀၀ လောက် ကိုဗစ်-၁၉ ကူးစက်ခံထားရပါတယ်။
ရောဂါဖြစ်ပွားမှုအားလုံးကို တိုက်ဖျက်ဖို့ ရည်ရွယ်တဲ့ တရုတ်ပြည်မကြီးအစိုးရရဲ့ "Zero-COVID" မူဝါဒကို မကာအိုအစိုးရက လိုက်နာနေတာကြောင့် လူပေါင်း ၁၉,၀၀၀ လောက်ကို ရောဂါခြေချုပ်နဲ့ မဖြစ်မနေ သီးသန့်ခွဲထားမှာလည်း ဖြစ်ပါတယ်။