close

မက်ဂွိုင်းယား

close

May 7, 2022

ဒဏ်ရာရ နောက်ခံလူ မက်ဂွိုင်းယား ပြန်ကစားနိုင်ပြီဟု နည်းပြ ရင်းနစ်ခ်အတည်ပြု

နောက်ခံလူ မက်ဂွိုင်းယားဟာ စနေနေ့ ကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာမယ်လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။ 

မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ဧပြီ ၂ဝ ရက်က လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် အသင်းရဲ့နောက်ဆုံး ၃ ပွဲဆက်တိုက်လွဲချော်ခဲ့ပါတယ်။ 

မူလက ရာသီကုန်အထိ အနားယူရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ခဲ့တာကြောင့် ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်မယ်လို့ နည်းပြရင်းနစ်ခ်က အတည်ပြုခဲ့တာပါ။

“ဟာရီက လေ့ကျင့်ခန်းပြန်ဆင်းနေပြီ။ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး ဒုတိယမြောက်နေ့ကတည်းက တပတ်လုံး လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ဒါကြောင့် အသင်းလူစာရင်းမှာ သူပါဝင်ပါမယ်။ ပွဲထွက်ကစားခွင့်ရမလားဆိုတာကတော့ ဒီကနေ့လေ့ကျင့်ရေးအပြီးမှပဲ ဆုံးဖြတ်ရမှာပါ။ ပြိုင်ဘက် အသင်းကို ဘယ်လူစာရင်း နဲ့ ပွဲထွက်မယ်ဆိုတာ မပြောချင်ပါဘူး” လို့ နည်းပြရင်းနစ်ခ်က ပြောပါ တယ်။ 

တိုက်စစ်ပိုင်းမှာ ကာဗာနီ ကြံ့ခိုင်မှုပြည့်ဝေနေပြီဖြစ်ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ကိုယ်ပူပြီး ချောင်းဆိုးနေတာကြောင့် အနားယူရဦးမယ်လို့ နည်းပြရင်းနစ်ခ်က ပြောသွားပါတယ်။ 

33 mins Ago

April 23, 2022

အာဆင်နယ်နှင့်ပွဲ၌ မက်ဂွိုင်းယားကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ရန် နည်းပြ ရင်းနစ်ခ်ပြင်ဆင်

မန်ယူအသင်းနည်းပြ ရင်းနစ်ခ်ဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နောက်ခံလူ မက်ဂွိုင်းယားကို  ပွဲထွက်လူစာရင်းကနေချန်လှပ်ပြီး အရန်ခုံပို့ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ 

မန်ယူအသင်းဟာ  ဒီကနေ့ ညနေ ၆ နာရီမှာ အာဆင်နယ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။ 

အဲဒီပွဲစဉ်မှာ ခြေစွမ်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို နေအိမ်ကို ဗုံးဖောက်ခွဲမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့တာကြောင့် မက်ဂွိုင်းယားကို အနားပေးဖို့ နည်းပြရင်းနစ်ခ်က ပြင်ဆင်ထားတယ်လို့ Athletic သတင်းမှာဖော်ပြပါတယ်။ 

မက်ဂွိုင်းယားဟာ နေအိမ်ကို ဗုံးဖောက်ခွဲမယ်လို့ ခြိမ်းခြောက်ခံရပြီးနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး တစုံတရာတွေ့ရှိခြင်းတော့မရှိခဲ့ပါဘူး။ 

အသင်းခေါင်းဆောင် မက်ဂွိုင်းယားဟာ အာဆင်နယ်နဲ့ပွဲအတွက် လေကျင့်ရေးအစီအစဉ်တွေကိုတော့ ပုံမှန်းအတိုင်းပြု လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် လက်တလောပြဿနာအခြေအနေတွေကြောင့် အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရဖို့ရှိတယ်လို့ သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

2 weeks Ago
Up