ဒဏ်ရာရ နောက်ခံလူ မက်ဂွိုင်းယား ပြန်ကစားနိုင်ပြီဟု နည်းပြ ရင်းနစ်ခ်အတည်ပြု

နောက်ခံလူ မက်ဂွိုင်းယားဟာ စနေနေ့ ကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာမယ်လို့ နည်းပြ ရင်းနစ်ခ်က ပြောပါတယ်။
မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ဧပြီ ၂ဝ ရက်က လီဗာပူးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် အသင်းရဲ့နောက်ဆုံး ၃ ပွဲဆက်တိုက်လွဲချော်ခဲ့ပါတယ်။
မူလက ရာသီကုန်အထိ အနားယူရမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်ခဲ့တာကြောင့် ဘရိုက်တန်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်မယ်လို့ နည်းပြရင်းနစ်ခ်က အတည်ပြုခဲ့တာပါ။
“ဟာရီက လေ့ကျင့်ခန်းပြန်ဆင်းနေပြီ။ ဘရန့်ဖို့ဒ်နဲ့ပွဲအပြီး ဒုတိယမြောက်နေ့ကတည်းက တပတ်လုံး လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ဒါကြောင့် အသင်းလူစာရင်းမှာ သူပါဝင်ပါမယ်။ ပွဲထွက်ကစားခွင့်ရမလားဆိုတာကတော့ ဒီကနေ့လေ့ကျင့်ရေးအပြီးမှပဲ ဆုံးဖြတ်ရမှာပါ။ ပြိုင်ဘက် အသင်းကို ဘယ်လူစာရင်း နဲ့ ပွဲထွက်မယ်ဆိုတာ မပြောချင်ပါဘူး” လို့ နည်းပြရင်းနစ်ခ်က ပြောပါ တယ်။
တိုက်စစ်ပိုင်းမှာ ကာဗာနီ ကြံ့ခိုင်မှုပြည့်ဝေနေပြီဖြစ်ပေမယ့် ရက်ရှ်ဖို့ဒ်ကတော့ ကိုယ်ပူပြီး ချောင်းဆိုးနေတာကြောင့် အနားယူရဦးမယ်လို့ နည်းပြရင်းနစ်ခ်က ပြောသွားပါတယ်။