close

မန်ချက်စတာယူနိုက်တက်

close

April 20, 2023

ရက်ရှ်ဖို့ဒ်ပါဝင်နိုင်ရင်လည်း အပြောင်းအလဲတခုခုလုပ်ရန် မရှိကြောင်း ဆီဗီလာနည်းပြ ပြော

မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ် ပွဲထွက်ပါဝင်နိုင်ရင်လည်း အပြောင်းအလဲတခုခု လုပ်ရန်မရှိကြောင်း ဆီဗီလာနည်းပြ လူးဝစ်မန်ဒီလီဘာက ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဆီဗီလာနဲ့ ပထမအကျော့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်အတွက် မန်ယူလူစာရင်းမှာ ပါဝင်လာခဲ့တာပါ။

ဆီဗီလာနည်းပြ မန်ဒီလီဘာကတော့ ရက်ရှ်ဖို့ဒ် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ဘာတခုမှ အပြောင်းအလဲလုပ်ဖို့မရှိဘဲ မူလစီစဉ်ထားတဲ့ ကစားကွက်နဲ့ နည်းဗျူဟာအတိုင်းသာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်က အကောင်းဆုံးကစားသမားတဦးဖြစ်ပြီး ပြိုင်ဘက်အသင်းကို လေးစားမှုထားကြောင်း၊ ဒါပေမဲ့ တဦးတယောက်ချင်းကို အာရုံစိုက်ကစားဖို့တော့မရှိကြောင်း ဆီဗီလာနည်းပြက ပြောပါတယ်။

ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး အနိုင်ရဖို့ ၅၀-၅၀ ဆတူအခွင့်အရေးရှိကြောင်းလည်း နည်းပြ မန်ဒီလီဘာက ပြောသွားပါတယ်။

14 mins Ago

လုပ်ခလျှော့ယူပြီး စာချုပ်သက်တမ်းတိုးရန် မန်ယူဂိုးသမား ဒီဂီယာ သဘောတူ

မန်ယူဂိုးသမား ဒီဂီယာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် လုပ်ခလျှော့ယူဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက အသင်းဆီရောက်ရှိလာသူ ဒီဂီယာဟာ မန်ယူအတွက် ပွဲပေါင်း ၄၀၀ ကျော် ကစားခဲ့ပြီး အသင်းရဲ့လုပ်ခအများဆုံး ကစားသမား ဖြစ်နေသူပါ။

စပိန်ဂိုးသမားဟာ တပတ်လုပ်ခ ပေါင် ၃၇၅,၀၀၀ ရရှိနေပြီး စာချုပ်သစ်မှာတော့ အဲဒီလောက်ရရှိတော့မှာ မဟုတ်ဘဲ စွမ်းဆောင်ရည်အပေါ် မူတည်ပြီးတော့ပဲ ဆုကြေးခံစားခွင့် ရရှိနိုင်တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဒီဂီယာအနေနဲ့ နောက်ထပ် လေးနှစ်သက်တမ်းတိုးဖို့ရှိလို့ အသက် ၃၆ နှစ်အထိ မန်ယူအသင်းမှာ ဆက်လက်မြင်တွေ့ရဖို့ရှိပါတယ်။

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ဒါလော့တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

31 mins Ago

April 13, 2023

အန်တိုနီဟာ အဆုံးအဖြတ်ဂိုးများသွင်းနိုင်သူဖြစ်ဟု မန်ယူနည်းပြတန်ဟတ်ချီးကျူး

တောင်ပံတိုက်စစ်မှူးအန်တိုနီဟာ အဆုံးအဖြတ်ဂိုးတွေသွင်းနိုင်သူဖြစ်သလို  ပြိုင်ဘက် နောက်တန်းကစားသမားတွေကို ရှင်းပစ်နိုင်စွမ်းရှိတဲ့သူဖြစ်တယ်လို့ မန်ယူနည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

အန်တိုနီဟာ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ဆက်တိုက်ဂိုး မသွင်းနိုင်ခဲ့တာကို သတင်းထောက်တစ်ဦးကို ထောက်ပြမေးမြန်းရာမှာ နည်းပြတန်ဟတ်ဂ်က အန်တိုနီဘက်က ကာကွယ်ပြောသွားခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတာမှန်ပေမဲ့ ဘက်တစ်၊ ဘာစီလိုနာအသင်းတွေနဲ့ပွဲစဉ်မှာ အဆုံးအဖြတ်ဂိုးတွေသွင်းပေးနိုင်ခဲ့ကြောင်း၊ ဒါကြောင့်လည်း ဘရာဇီးလိုအသင်းမှာရွေးချယ်ခံရပြီး ပွဲထွက်ကစားနေသူဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

ဒါ့အပြင် အန်တိုနီဟာ လူငယ်ကစားသမားတစ်ဦးသာ ရှိသေးပေမဲ့ ပြိုင်ဘက်တွေကို နိဂုံးချုပ်ပေးနိုင်စွမ်းရှိပြီး အဲဗာတန်နဲ့ပွဲစဉ်မှာဆိုရင် နည်းပြက ဒုတိယပိုင်းမှာ ဘယ်နောက်ခံ လူတစ်ဦး ထပ်မံ လူစားလဲခဲ့ရတာက သက်သေဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြော သွားခဲ့ပါတယ်။

1 week Ago

ရက်ရှ်ဖို့ဒ် ဒဏ်ရာရနေပေမဲ့ တိုက်စစ်မှူး မာစီယယ်နဲ့လည်း အကောင်းဆုံးကစားနိုင်ဟု မန်ယူနည်းပြပြော

ရက်ရှ်ဖို့ဒ် ဒဏ်ရာရနေပေမဲ့  တိုက်စစ်မှူးမာစီယယ်နဲ့လည်း အသင်းရဲ့ အကောင်းဆုံးပုံစံရရှိအောင် ကစားနိုင်စွမ်းရှိကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်ကပြောပါတယ်။ 

မာစီယယ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားခွင့်နည်းပါးခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီးအနိုင်ဂိုးတစ်ဂိုးသွင်းခဲ့ပါတယ်။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ကြွက်သားဒဏ်ရာကြောင့် ဆီဗီလာနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပထမအကျော့ကို လွဲချော်မှာ ဖြစ်ပြီး မာစီယယ်က တိုက်စစ်မြားဦးမှာ ပွဲထွက်လာဖို့ရှိတာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ မာစီယယ်ဟာ အသင်းအပေါ်မှာ အကျိုးပြုတဲ့ ကစားသမားဖြစ်ပြီး မန်စီးတီး၊ လီဗာပူးလို အသင်းတွေနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ကြောင်း၊ မာစီယယ်နဲ့လည်း ကောင်းဆုံးခြေစွမ်းရရှိအောင်ကစားနိုင်ကြောင်းပြောပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ မနှစ်က အငှားထွက်ကစားခဲ့တဲ့ အသင်းဟောင်းဆီဗီလာနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ မာစီယယ်ဟာ ဆီဗီလာမှာကစားစဉ်က စုစုပေါင်း ၁၂ ပွဲမှာ တစ်ဂိုးသွင်းခဲ့ ပါတယ်။

1 week Ago
Up