close

မန်ယူအသင်းဖော်

close

June 4, 2022

မန်ယူအသင်းဖော်များကပေးအပ်သည့် တနှစ်တာအကောင်းဆုံးဆု ဂိုးသမားဒီဂီယာရရှိ

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပေးဂိုးစံချိန်တင်ခဲ့ပေမယ့် ဂိုးသမားဒီဂီယာက အသင်းရှိ ကစားသ မားတွေက ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပေးဂိုး ၅၇ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး အဆိုးရွားဆုံး ပေးဂိုးအရေအတွက်အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ဂိုးသမားဒီဂီယာဟာလည်း ဂိုးပေါက်ကာကွယ်မှုတွေ အမြောက်အမြားပြုလုပ်နိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၈ ပွဲသာ ဂိုးမပေးခဲ့ရတဲ့ပွဲဖြစ်ခဲ့ပြီး ပွဲ ၃၀ မှာ ဂိုးတွေခွင့်ပြုခဲ့ရတာပါ။

ဒီဆုဟာ ဒီဂီယာအတွက် အသင်းဖော်တွေကရွေးချယ်ချီးမြှင့်တဲ့ ၄ ကြိမ်​မြောက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုဖြစ်ပါတယ်။

လက်ရှိယူနိုက်တက်အသင်းမှာ စီရော်နယ်ဒိုနဲ့ လုခ်ရှောတို့ကသာ တစ်ကြိမ်ထက်ပိုပြီး အသင်းဖော်တွေကရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေ ရယူနိုင်ခဲ့ကြပြီး ဒီဂီယာက အကြိမ်အရေအတွက် အများဆုံးရယူနိုင်ခဲ့ ပါတယ်။

မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဆာမက်ဘက်စ်ဘီဆု  အတွက်တော့ ဆန်ခါတင် ၃ ဦးစာရင်းထုတ်ပြန်ထားပြီး ဒီဂီယာ၊ ဖရက်ဒ်နဲ့ စီရော်နယ်ဒိုတို့ ပါဝင်နေပါတယ်။ 

2 mins Ago

September 5, 2021

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လိုအပ်ကြောင်း မန်ယူအသင်းဖော်များကို ရော်နယ်ဒိုတိုက်တွန်း

ဒီနှစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ လိုအပ်တယ်လို့ အသင်းဖော်တွေကို ကစားသမားသစ်ရော် နယ်ဒိုက တိုက်တွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကနေ အသင်းဟောင်း မန်ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့ ရည်မှန်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကိုရယူနိုင်ဖို့ဖြစ်ကြောင်း အသင်းဖော်တွေကို ပြောခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြခဲ့တာပါ။ 

ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းမှာ တချိန်က လုပ်ဆောင်ပြခဲ့ဖူးတဲ့အတိုင်း ပရီးမီးယားလိဂ်ချန်ပီယံ၊ ချန်ပီယံလိဂ်ဆုဖလားနဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေ ပြန်လည်ရယူနိုင်ဖို့ အထူးရည်မှန်းချက်ထားနေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မန်ယူနိုက်တက်အသင်းနည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေဟာလည်း ရော်နယ်ဒိုရောက်ရှိလာပြီး နောက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရယူဖို့ ပိုမိုစိတ်အားထက်သန်လာတယ်လို့ ယူနိုက်တက် သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး The Sun ကဖော်ပြပါတယ်။ 

ရော်နယ်ဒိုဟာ လက်ရှိ အချိန်မှာတော့ ပေါ်တူဂီအသင်းကနေပြန်လာပြီး မန်ချက်စတာမှာ ၅ ရက် သီးသန့်နေထိုင်နေရပါတယ်။ 

9 months Ago
Up