မန်ယူအသင်းဖော်များကပေးအပ်သည့် တနှစ်တာအကောင်းဆုံးဆု ဂိုးသမားဒီဂီယာရရှိ

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပေးဂိုးစံချိန်တင်ခဲ့ပေမယ့် ဂိုးသမားဒီဂီယာက အသင်းရှိ ကစားသ မားတွေက ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ပေးဂိုး ၅၇ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး အဆိုးရွားဆုံး ပေးဂိုးအရေအတွက်အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် ဂိုးသမားဒီဂီယာဟာလည်း ဂိုးပေါက်ကာကွယ်မှုတွေ အမြောက်အမြားပြုလုပ်နိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၈ ပွဲသာ ဂိုးမပေးခဲ့ရတဲ့ပွဲဖြစ်ခဲ့ပြီး ပွဲ ၃၀ မှာ ဂိုးတွေခွင့်ပြုခဲ့ရတာပါ။
ဒီဆုဟာ ဒီဂီယာအတွက် အသင်းဖော်တွေကရွေးချယ်ချီးမြှင့်တဲ့ ၄ ကြိမ်မြောက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုဖြစ်ပါတယ်။
လက်ရှိယူနိုက်တက်အသင်းမှာ စီရော်နယ်ဒိုနဲ့ လုခ်ရှောတို့ကသာ တစ်ကြိမ်ထက်ပိုပြီး အသင်းဖော်တွေကရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေ ရယူနိုင်ခဲ့ကြပြီး ဒီဂီယာက အကြိမ်အရေအတွက် အများဆုံးရယူနိုင်ခဲ့ ပါတယ်။
မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဆာမက်ဘက်စ်ဘီဆု အတွက်တော့ ဆန်ခါတင် ၃ ဦးစာရင်းထုတ်ပြန်ထားပြီး ဒီဂီယာ၊ ဖရက်ဒ်နဲ့ စီရော်နယ်ဒိုတို့ ပါဝင်နေပါတယ်။