မန်ယူအသင်းမှာ ပွဲထွက်ခွင့်မရခဲ့မှုနဲ့အတူ ဘောလုံးကစားချင်စိတ်ပါ ပျောက်ဆုံးခဲ့ရတယ်လို့ တိုက်စစ်မှူး မာရှယ်က ပြောပါတယ်။
မာရှယ်ဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဆီဗီလာ အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ စပိန်ကလပ်မှာတော့ ပွဲထွက်ကစားခွင့်ရနေတဲ့အပေါ် ပျော်ရွှင်ကျေနပ်နေပြီး မန်ချက်စတာမှာတုန်းက ဘောလုံးကစားချင်စိတ်တောင် အနည်းငယ် ပျောက်ဆုံးခဲ့တယ်လို့ မာရှယ်က ပြောပါတယ်။
“ကျနော့်အတွက်တော့ ဆီဗီလာမှာ ပွဲကစားခွင့်ပြန်ရပြီး ပျော်ရွှင်မှုတွေရခဲ့လို့ အကောင်းဆုံး ရွေးချယ်မှုဖြစ်ခဲ့တယ်။ မန်ချက်စတာမှာတုန်းက ဘောလုံးကစားချင်စိတ်တောင် အနည်းငယ်ပျောက်ဆုံးခဲ့သေးတယ်။ ဒါက ဘောလုံးကစားခွင့်မရတော့တာနဲ့လည်း ဆိုင်တယ်။ ဆီဗီလာမှာတော့ ကျနော်အလွန်အဆင်ပြေပါတယ်။ မြို့တော်က သာယာလှပသလို ကျနော်တို့အသင်းကလည်း ကောင်းမွန်တဲ့အသင်းဖြစ်လို့ ကျနော့်အတွက်တော့ ပြည့်စုံပါတယ်။ ဒါပေမယ့် ရာသီကုန်ဆုံးချိန်အထိပဲ ဒီမှာဆက်ရှိရမှာပါ။”
တခါတလေမှာ အပြုံးအရယ်နည်းတယ်လို့ လူတွေကထင်ကြပေမယ့် အပြင်ဘဝမှာတော့ အမြဲတမ်းပြုံနေတယ်ဆိုတာ လူတိုင်းသိကြောင်း၊ ပြုံးပျော်နေဖို့ထက် ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ချင်တာဖြစ်လို့ လူတွေ ဘယ်လိုပဲမြင်ပါစေ အဆင်ပြေကြောင်းလည်း မာရှယ်က ပြောပါတယ်။
မန်ယူတိုက်စစ်မှူး အန်တိုနီမာရှယ် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာအသင်းကနေ ထွက်ခွာ ချင်နေတယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုသွားပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာပဲ ပွဲထွက် ၁၁ ယောက်စာရင်း ပါဝင်ခဲ့ဖူးတဲ့ မာရှယ်ဟာ ပွဲကစားချိန်ပိုမိုရရှိဖို့ အသင်းပြောင်းရွှေ့လိုနေတယ်လို့ သူ့ရဲ့အေဂျင့်ဖြစ်သူ ဖိလစ်ပီလန်ဘိုလီကပြောပါတယ်။
“အန်တိုနီက ဇန်နဝါရီမှာပဲ အသင်းကထွက်ဖို့ဆန္ဒရှိနေတယ်။ သူပွဲကစားဖို့လိုအပ်နေတာပါ။ ဇန်နဝါရီအထိတောင် အသင်းမှာ မနေချင်တာကြောင့် အသင်းနဲ့ ကျနော် မကြာခင်ဆွေးနွေး မှာဖြစ်တယ်” လို့ အေးဂျင့် လန်ဘိုလီက ပြောပါတယ်။
နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်ကတည်းက ပွဲကစားခွင့်နည်းပါးခဲ့တဲ့ မာရှယ်ဟာ ယာယီနည်း ပြသစ် ရက်ဖ်ရင်းနစ်ခ် လက်ထက်မှာလည်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာသေးတဲ့ အခြေအနေ မှာရှိပါတယ်။
လက်တလောမှာတော့ မာရှယ်ကိုခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနိုင်ပြီး ဂျူဗင်တပ်ကလည်း ဖီအိုရင်တီးနားက ဗလာဟိုဗစ်ကို မခေါ်ယူနိုင်ခဲ့ပါက မာရှယ်ကိုခေါ်ယူဖို့ ကြိုးပမ်း မယ်လို့ သိရပါတယ်။