မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အိမ်ကွင်းမှာ အီရန်အသင်းကို ရှုံးပြီး ခြေစစ်ပွဲပထမ အဆင့်မှာဘဲ ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အတွက် အသင်းရဲ့ အားနည်းချက်တွေကို အများကြီး ပြင်ဆင်သွားရမှာဖြစ်တယ်လို့ မြန်မာအသင်းနည်းပြချုပ်က ပြောကြားလိုက်ပါတယ်။
ပါရီ အိုလံပစ် အာရှဇုန်(ပထမအဆင့်)၊ ခြေစစ်ပွဲ ဒုတိယ အကျော့ပွဲစဉ်ဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ဧပြီ ၈ ရက်၊ မနေ့ ညနေက အီရန်နဲ့ မြန်မာ အမျိုးသမီးအသင်းတွေ ယှဉ်ပြိုင်ကစားခဲ့ရာ တဖက် တဂိုးစီ သရေကျသွားခဲ့တာပါ။ ပထမ အကျော့ပွဲစဉ်တုန်းက အီရန်အသင်းက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားလို့ နှစ်ကျော့ပေါင်းရလု် (၂-၁)ဂိုးနဲ့ အီရန်အသင်းက အနိုင်ရကာ ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့တာပါ။
ဒီရလဒ်နဲ့ပတ်သက်ပြီး မြန်မာအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ” ရလဒ်ကောင်း မယူပေးနိုင်လို့ စိတ်မကောင်းဖြစ်မိပါတယ်။ အသင်းရဲ့ အားနည်းချက်တွေကို အများကြီး ပြင်ဆင်သွားရမှာဖြစ်ပြီး လာမယ့်ပြိုင်ပွဲအတွက် ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်သွားရမှာဖြစ်ပါတယ် ”လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အီရန်အသင်းနည်းပြချုပ် မာရမ်အဇမွန်းကလည်း “ကျမတို့အသင်းဟာ ကမ္ဘာ့အဆင့်မှာရော ခြေစွမ်းမှာပါ နိမ့်ကျခဲ့ပေမဲ့ ရလဒ်ကောင်း ယူနိုင်ဖို့ အစစအရာရာ အကောင်းဆုံး ပြင်ဆင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အာရှမှာ အသင်းကြီးတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ဒါကြောင့် တန်ပြန်တိုက်စစ်ကို ဦးစားပေး ကစားခဲ့ရတာပါ။ ရလဒ်ကောင်းရရှိဖို့ ကြိုးစားခဲ့တဲ့ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။ လာမယ့် ဒုတိယအဆင့်ခြေစစ်ပွဲမှာလည်း ရလဒ်ကောင်း ယူနိုင်ဖို့ အကောင်းဆုံး ပြင်ဆင်သွားမှာဖြစ်ပါတယ်”လို့ ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းမှာ ခင်မာလာထွန်း၊ ဝင်းသိင်္ဂီထွန်း၊ မြတ်နိုးခင် စတဲ့ ဝါရင့်ကစားသမားတွေနဲ့ မျိုးဆက်သစ်ကစာသမားတွေ ပါဝင်ကစားခဲ့ကြတာပါ။
ဖီဖာအဆင့်သတ်မှတ်ချက်မှာ မြန်မာအမျိုးသမီးအသင်းက အဆင့် ၄၇ နဲ့ အီရန်အမျိုးသမီးအသင်းက အဆင့် ၆၇ မှာ အသီးသီး ရပ်တည်နေတာဖြစ်ပါတယ်။
Photo-MFF
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေနဲ့ တောင်ကိုရီး ယားနိုင်ငံမှာ လေ့ကျင့်ရေးခြေစမ်းပွဲတွေ ကစားနေပါတယ်။
မြန်မာအမျိုးသမီးအသင်းမှာ အုပ်ချုပ် နည်းပြ ၁ဝ ဦး၊ ကစားသမား ၂၁ ဦး စုစုပေါင်း ၃၁ ဦးပါဝင်ပြီး တောင်ကိုရီးယားနိုင်ငံ ပါဂျူမြို့မှာ စခန်းသွင်းလေ့ကျင့်နေတာပါ။
အိန္ဒိယကလပ်မှာကစားနေတဲ့ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကတော့ လိဂ်ပွဲစဉ်တွေကြောင့် တောင်ကိုရီးယား လေ့ကျင့်ရေးခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိဘဲ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပချိန်ရောက်မှ ပူးပေါင်သွားမယ်လို့ သိရပါတယ်။
မြန်မာအသင်းဟာ တောင်ကိုရီးယားမှာ ခြေစမ်းပွဲ ၃ ပွဲကစားသွားမှာဖြစ်ပြီး ဧပြီ ၂၈ ရက်က တောင်ကိုရီးယားအမျိုးသမီးယူ ၂၀ အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဆိုးလ်စီးတီးအသင်းနဲ့ ဒီနေ့ ဆက်လက်ခြေစမ်းမှာဖြစ်ပြီး မေ ၃ ရက်မှာ တောင်ကိုရီးယားယူ ၂၀ အမျိုးသမီးအသင်းနဲ့ ခြေစမ်းကစားမယ်လို့ သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်ဆီးဂိမ်းအုပ်စုပွဲစဉ်တွေအနေနဲ့ မေ ၁ဝ ရက်မှာ လာအို၊ ၁၃ ရက်မှာ ထိုင်း၊ ၁၅ ရက်နေ့မှာ စင်ကာပူအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။
မြန်မာအမျိုးသား ယူ ၂၃ အသင်းဟာလည်း ယူအေအီးနိုင်ငံမှာ လေ့ကျင့်နေပြီး အမျိုးသမီးဖူဆယ်အသင်းက ထိုင်းနိုင်ငံမှာ လေ့ကျင့်နေပါတယ်။
Sport Myanmar women team
မြန်မာအမျိုးသမီးအသင်း အုပ်ချုပ်/နည်းပြအဖွဲ့
အသင်းအုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး
နည်းပြချုပ်- ဦးတင်မြင့်အောင်
လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး
လက်ထောက်နည်းပြ- ဦးဘိုဘိုအောင်
လက်ထောက်နည်းပြ- ဒေါ်သူဇာထွေး
ဂိုးနည်းပြ- ဦးယဉ်မင်းအောင်
အသင်းဆရာဝန်- ဒေါက်တာယုနန္ဒာထွန်း
အကြောကျွမ်းကျင်- ဦးလွင်ဦးကို
Video Analyst – ဦးမြတ်စိုးသူ
အပြီးသတ်လက်ရွေးစင်လူစာရင်း
ဂိုး– မေဇင်နွယ်၊ ဇူးလတ်နဒီ၊ မျိုးမြမြငြိမ်း
နောက်တန်း – ခင်သန်းဝေ၊ခင်မျိုးဝင်း၊ချစ်ချစ်၊ဇွန်ယုယဦး၊ဖြူဖြူဝင်း၊အေးအေးမိုး၊ခိုင်သဇင်၊နန့်ဇူဇူးထက်
ကွင်းလယ်- ခင်မာလာထွန်း၊ခင်မိုမိုထွန်း၊ပုံပုံ့ပြည့်မောင်၊နော်ထက်ထက်ဝေ၊လင်းမြင့်မိုရ်၊မြတ်နိုးခင်၊စန်းသော်သော်၊သင်းသင်းယု
ရှေ့တန်း– ဂျူလိုင်ကျော်၊ခင်မိုးဝေ၊ဝင်းသိင်္ဂီထွန်း
Photo-MFF