close

မြန်မာအမျိုးသမီးအသင်း တောင်ကိုရီးယားနိုင်ငံတွင် လေ့ကျင့် ခြေစမ်းပွဲကစား

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းဟာ ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေနဲ့ တောင်ကိုရီး ယားနိုင်ငံမှာ လေ့ကျင့်ရေးခြေစမ်းပွဲတွေ ကစားနေပါတယ်။ 

မြန်မာအမျိုးသမီးအသင်းမှာ အုပ်ချုပ် နည်းပြ ၁ဝ ဦး၊ ကစားသမား ၂၁ ဦး စုစုပေါင်း ၃၁ ဦးပါဝင်ပြီး  တောင်ကိုရီးယားနိုင်ငံ ပါဂျူမြို့မှာ  စခန်းသွင်းလေ့ကျင့်နေတာပါ။ 

အိန္ဒိယကလပ်မှာကစားနေတဲ့ တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကတော့  လိဂ်ပွဲစဉ်တွေကြောင့် တောင်ကိုရီးယား လေ့ကျင့်ရေးခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိဘဲ ဆီးဂိမ်းပြိုင်ပွဲ ကျင်းပချိန်ရောက်မှ ပူးပေါင်သွားမယ်လို့ သိရပါတယ်။ 

မြန်မာအသင်းဟာ တောင်ကိုရီးယားမှာ ခြေစမ်းပွဲ ၃ ပွဲကစားသွားမှာဖြစ်ပြီး ဧပြီ ၂၈ ရက်က တောင်ကိုရီးယားအမျိုးသမီးယူ ၂၀ အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ 

ဆိုးလ်စီးတီးအသင်းနဲ့ ဒီနေ့ ဆက်လက်ခြေစမ်းမှာဖြစ်ပြီး မေ ၃ ရက်မှာ တောင်ကိုရီးယားယူ ၂၀ အမျိုးသမီးအသင်းနဲ့ ခြေစမ်းကစားမယ်လို့ သိရပါတယ်။ 

မြန်မာအမျိုးသမီးအသင်းဟာ ဗီယက်နမ်ဆီးဂိမ်းအုပ်စုပွဲစဉ်တွေအနေနဲ့ မေ ၁ဝ ရက်မှာ လာအို၊ ၁၃ ရက်မှာ ထိုင်း၊ ၁၅ ရက်နေ့မှာ စင်ကာပူအသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ 

မြန်မာအမျိုးသား ယူ ၂၃ အသင်းဟာလည်း ယူအေအီးနိုင်ငံမှာ လေ့ကျင့်နေပြီး အမျိုးသမီးဖူဆယ်အသင်းက ထိုင်းနိုင်ငံမှာ လေ့ကျင့်နေပါတယ်။ 

Sport Myanmar women team

မြန်မာအမျိုးသမီးအသင်း အုပ်ချုပ်/နည်းပြအဖွဲ့

အသင်းအုပ်ချုပ်သူ- ဒေါ်မြတ်မြတ်ဦး

နည်းပြချုပ်- ဦးတင်မြင့်အောင်

လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး

လက်ထောက်နည်းပြ- ဦးဘိုဘိုအောင်

လက်ထောက်နည်းပြ- ဒေါ်သူဇာထွေး

ဂိုးနည်းပြ- ဦးယဉ်မင်းအောင်

အသင်းဆရာဝန်- ဒေါက်တာယုနန္ဒာထွန်း

အကြောကျွမ်းကျင်- ဦးလွင်ဦးကို

Video Analyst – ဦးမြတ်စိုးသူ

အပြီးသတ်လက်ရွေးစင်လူစာရင်း

ဂိုး– မေဇင်နွယ်၊ ဇူးလတ်နဒီ၊ မျိုးမြမြငြိမ်း

နောက်တန်း – ခင်သန်းဝေ၊ခင်မျိုးဝင်း၊ချစ်ချစ်၊ဇွန်ယုယဦး၊ဖြူဖြူဝင်း၊အေးအေးမိုး၊ခိုင်သဇင်၊နန့်ဇူဇူးထက်

ကွင်းလယ်- ခင်မာလာထွန်း၊ခင်မိုမိုထွန်း၊ပုံပုံ့ပြည့်မောင်၊နော်ထက်ထက်ဝေ၊လင်းမြင့်မိုရ်၊မြတ်နိုးခင်၊စန်းသော်သော်၊သင်းသင်းယု

ရှေ့တန်း– ဂျူလိုင်ကျော်၊ခင်မိုးဝေ၊ဝင်းသိင်္ဂီထွန်း

Photo-MFF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up