close

ယူကရိန်းအရှေ့ပိုင်း

close

January 15, 2023

ယူကရိန်းအရှေ့ပိုင်းက ဆိုလေဒါမြို့ကို သိမ်းပိုက်နိုင်ခဲ့ဟု ရုရှားပြော၊ ကိယက်ဗ်ရှိ လူနေရပ်ကွက်ကို ရုရှား ဒုံးကျည် ထိမှန်

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဆားတူးဖော်ထုတ်လုပ်ရေးမြို့ဖြစ်တဲ့ ဆိုလေဒါမြို့ကို ရုရှားတပ်ဖွဲ့ဝင် တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားက ဇန်နဝါရီ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။

နှစ်ဝက်ကြာ စစ်ရေးအရ ဆုတ်ယုတ်မှု များခဲ့ပြီးတဲ့နောက် ပထမဆုံးသော စစ်မြေပြင်က တိုးတက် မှုကို ရုရှားဘက်က အခိုင်အမာ ပြောလိုက်တာပါ။

ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဓိက အာရုံစိုက်ရာမြို့ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီမြို့ကို သိမ်းပိုက်နိုင်လို့ အနောက်တောင်ဘက်က ဘတ်ခ်မွတ်မြို့ကြီးဆီသွားမယ့် ယူကရိန်း ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပြီး အဲဒီနေရာမှာ ကျန်နေတဲ့ ယူကရိန်းတပ် တွေကို ထောင်ချောက်ဆင်နိုင်လိမ့်မယ်လို့လည်း ရုရှားက ပြောပါတယ်။

ဆိုလေဒါမြို့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ရုရှာကာကွယ်ရေး ဝန်ကြီးဌာနက ရက်တော်တော် ကြာအောင် နှုတ်ဆိတ်နေပြီးတဲ့နောက် ထွက်လာတဲ့ ကြေညာချက်ကို ရိုက်တာသတင်းဌာနက ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။

ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်ရဲ့ အပြင်ဘက်က  ကိုပီးလစ်ဗ် ရွာထဲ လူနေရပ်ကွက်တစ်ခုကို ရုရှားဒုံးကျည် တစင်း ဇန်နဝါရီ ၁၄ ရက်က ထိမှန်ခဲ့တယ်လို့ ကိဗ်မြို့ ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလက်ခ်စီ ခူလေဘာက ပြောပါတယ်။ 

ဒုံးကျည်နဲ့ တိုက်ခိုက်လို့ မြို့တော်ကနေ ကီလိုမီတာ ၃၀ အကွာက ရွာထဲမှာ ပေါက်ကွဲရာအဖြစ် ဧရာ မ ချိုင့်ကြီးတစ်ခု ကျန်ရစ်ခဲ့ပြီး ပုဂ္ဂလိကပိုင် အိမ်အများအပြားမှာ ပြတင်းပေါက်တွေ အမိုးတွေ ပျက်စီး ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှု အချက်ပေး ဥဩသံမမြည်ခင် ဗုံးပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပြီး အလွန်ထူးခြားတယ်လို့ မြို့တော်က ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။

လေကြောင်းကနေ တိုက်ခိုက်တဲ့အခါ အချက်ပေး ဥသြသံက ဘာကြောင့် အသံမထွက်ရတာလဲ ဆိုတာနဲ့ ပတ်သက်လို့ ယူကရိန်း လေတပ်ပြောခွင့်ရ ယူရီ အစ်ဂနက်က ရှင်းပြရာမှာ ရုရှားရဲ့ ဒုံးကျည်တွေဟာ မြောက်ဘက်အမြင့်ကနေ ပဲ့ထိန်းပြီး ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ယူကရိန်းဟာ ပဲ့ထိန်းဒုံးကျည်တွေကို ဖော်ထုတ်ပစ်ချနိုင်ခြင်း မရှိသေးဘူးလို့လည်း သူက အွန်လိုင်း သတင်းဌာန ယူကရိန်းစ်ကာ ပရပ်ဗ်ဒါ ကို ပြောခဲ့ပါတယ်။

8 mins Ago

November 8, 2022

ယူကရိန်းအရှေ့ပိုင်း၌ ရုရှားစစ်သား ရာဂဏန်းခန့် သေဆုံးဟု ဇလန်းစကီး ပြော

ယူကရိန်းအရှေ့ပိုင်း ဒွန်းညက်ဒေသဟာ တိုက်ပွဲတွေဖြစ်ပွားရာ ဗဟိုအချက်အခြာနေရာအဖြစ် ဆက်လက်ရှိနေပြီး ရုရှားစစ်သားတွေ နေ့စဉ် ရာဂဏန်းလောက် သေဆုံးနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။ 

အဲဒီဒေသမှာ ရုရှားစစ်သားတွေ နေ့တိုင်း ရာနဲ့ချီ သေဆုံးနေပြီး ယူကရိန်း ရှေ့တန်းစစ်မျက်နှာမှာ  ရုရှားစစ်သားတွေရဲ့ ရုပ်အလောင်းတွေ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်နှက်နေတယ်လို့ ယူကရိန်းသမ္မတက ညစဉ်ထုတ်လွှင့်တဲ့ ရုပ်သံမိန့်ခွန်းမှာ ပြောသွားတာပါ။ 

ရုရှားတွေ လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ယူကရိန်းနိုင်ငံရဲ့ စွမ်းအင် ဆိုင်ရာ အခြေခံ အဆောက်အအုံတွေနဲ့ ရေပေးဝေရေတွေ ပျက်စီးခဲ့ကာ တနိုင်ငံလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ  ရေနဲ့လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူကရိန်းသမ္မတကတော့ သူ့တပ်သားတွေဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တက်ကြွနေဆဲဖြစ်ပြီး ရုရှားတပ်တွေကို တဖြည်းဖြည်းချင်း တိုက်ထုတ်နေတယ်လို့ ပြောဆိုထားပါတယ်။ 

2 months Ago
Up